အခန်း(၆၈)

100 13 4
                                    

အခန်း(၆၈)

ဆေးအာနိသင်။ အသက်သေစေနိုင်တယ်။






ဤသည်မှာ "လျှိုသန်လျှူရှန်" ကို တရားရုံး အတွင်းနှင့် အပြင်ရှိ လူများစွာမှ ကြားသိရသည့် ပထမဆုံး အကြိမ်ဖြစ်ပြီး အားလုံးမှာ အလွန်သိချင်နေကြပသည်။ Qi Fufang နှင့် ကျန်သူများမှာမူ များစွာ ဂရုမစိုက်ပေ။

သို့သော် Chen Sanyuan မှာ Qi Fufang နှင့် အခြားသူများကို ထပ်မံ အံ့အားသင့်စေတော့သည်။ "ဒီအစေခံက လျှိုသန့်လျှူရှန် ဆိုတာကို တစ်ခါမှ မကြားဖူးဘူး။ အကြီးဆုံး သခင်မလေးချီက ဒီအစေခံကို အမြစ်သုံးချောင်း ပေးတဲ့အခါ… သာမန် လျှူရှန်လို့ပဲ ထင်ခဲ့တာ..."

Chen Sanyuan မှာ ဤစကားများ ပြောပြီးနောက် ပြင်းထန်စွာ ဦးတိုက်လိုက်ပြန်သည်။ သူက ထပ်မံ ခေါင်းမမော့ဝံ့ပဲ  တုန်ရင်နေသော အသံဖြင့် ဆက်ပြောသည် " အကြီးဆုံးသခင်မလေးချီက ... လျှိုသန်လျှူရှန်ကို အသက် သေစေနိုင်တဲ့ ဆေးမျိုးဖြစ်တယ်လို့ ပြောပါတယ်။ သူမ ... သူမက အရှင့်သားကို သတ်ပြီး Gu Feiyan ကို အပြစ်ပုံချချင်နေတယ် ... စစ်သူကြီးချန်လည်း အပြစ်တင်ချင်နေတယ်။ ဒါက ကိစ္စကြီးမလို့ ဒီအစေခံက အဲဒါကို ဖုံးကွယ်ဖို့ မဝံ့ရဲလို့ အသက်စွန့်ပြီး အမှန်အတိုင်း ဝန်ခံတာပါ။ အရှင့်သား ဒီအစေခံက အမှားကို သိပါတယ်၊ ဒီအစေခံက အမှားကို သိပါတယ်…"

Chen Sanyuan ၏ စကားကို မည်သူမျှ ဂရုမစိုက်နိုင်တော့ပေ။ ကြီးမားလှသော တရားရုံးကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ တရားရုံးအပြင်ဘက်တွင်တောင် အသံတစ်သံမှ ထွက်မလာတော့ချေ။

"သေစေနိုင်သော" ဟူသော စကားလုံးကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ လူအုပ်ထဲတွင် ပုန်းအောင်းနေသော Cheng Yifei ပင် ထိတ်လန့်သွားတော့သည်။

ကျင်းဝမ်၏ အသက်ကို လုပ်ကြံရန် ကြိုးပမ်းမှုသည် သေးငယ်သော ကိစ္စမဟုတ်ပေ။

Qi Fufang က ပုန်ကန်ချင်တာလား။ မဟုတ်ဘူး… မဟုတ်ဘူး .. ချီမိသားစုလို့ ပြောသင့်တယ်။ ချီမိသားစုက ပုန်ကန်ချင်နေတာလား။

တိတ်ဆိတ်မှုများကြား လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ သို့သော် မင်းသမီး Huaining နှင့် အခြားသူများမှာ လုံးဝမစိုးရိမ်သေးကြပေ။ Qi Fufang ၏ စိုးရိမ်နေသည့် နှလုံးသားမှာလည်း တည်ငြိမ်လာတော့သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now