အခန်း(၃)

314 25 0
                                    

အခန်း(၃)

ကျင်းဝမ်၊ Jun Jiuchen။






မျက်နှာဖုံးစွပ်အမျိုးသားမှာ အသံပြောင်းလဲသော နည်းပညာ အသုံးပြုထားကြောင်း ထင်ရှားလှသည်။ သူ၏ အသံမှာ အနည်းငယ် တောင့်တင်းနေသော်လည်း အေးစက်နေဆဲဖြစ်သည်။ သူက မေးမြန်းလိုက်သည်။ “ဆေးဘယ်မှာလဲ။”

“ဒီမှာ…”

“ဒီမှာ ရှိတယ်…”

Gu Feiyan မှာ မသိစိတ်မှ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားပြီး ရုတ်တရက် ဆေးအိုးလေးအား ထုတ်လိုက်သည်။ ဆေးအိုးလေးမှာ ခြေထောက်သုံးခုပါကာ ကြေးရောင်ရှိပြီး အပေါ်တွင် လွင့်မျောနေသည့် တိမ်တိုက်များ ပုံသဏ္ဌာန် ထွင်းထုထားသည်။ ၎င်းမှာ သုံးလက်မခန့်သာမြင့်ကာ အလွန်သေးငယ်လေသည်။ မသိသူများဆိုလျှင် ၎င်းအား အဆင်တန်ဆာဟု အထင်မှားလောက်သည်။ မျက်နှာဖုံးစွပ်အမျိုးသားမှ ရှေ့တိုးကာ ကြည့်လိုက်သည်။ ရုတ်တရက် သေးငယ်သော ဆေးအိုးလေးမှ အစိမ်းရောင်မီးခိုးငွေ့များဖြင့် ထူးဆန်းသော ရနံ့များ ထွက်လာသည်။ မျက်နှာဖုံးစွပ်အမျိုးသားမှာ ချက်ချင်းပင် အသက်ရှူအောင့်ကာ နောက်ဆုတ်လိုက်သော်လည်း မူးဝေလာလေသည်။

Gu Feiyan မှာ သူ့အား မထိမဲ့မြင်ဖြင့် ကြည့်ကာ စဥ်းစားလိုက်သည်။ “ဒီသခင်မလေးက မူလပိုင်ရှင် ဆန်ကုန်မြေလေးလို အလွယ်တကူ အနိုင်ကျင့်လို့မရဘူး။”

သူမက လှည့်ပြေးလိုက်သော်လည်း မျက်နှာဖုံးစွပ်အမျိုးသားမှာ ရနံ့အား လျစ်လျူရှုကာ ရုတ်တရက် ထပ်မံ တိုးကပ်လာသည်။ သူမအား နောက်မှ ချုပ်ထားကာ သစ်ပင်နှင့် ထိကပ်ထားလေသည်။ Gu Feiyan မှာ ရုန်းကန်လိုက်လျှင် သူက ဓါးရှည်အား လွှင့်ပစ်ကာ သူမ၏ လက်များအား ဆွဲယူလိုက်ပြီး နောက်တွင် ချည်နှောင်လိုက်သည်။ ထို့နောက် သူက ဆေးအိုးလေးအား အဝေးသို့ လွှတ်ပစ်လိုက်လေသည်။

Gu Feiyan မှာ မလှုပ်ရှားနိုင်တော့ပဲ အလွန်အမင်း ထိတ်လန့်နေသည်။ ဒီကောင့်ရဲ့ အဆိပ်ခံနိုင်ရည်စွမ်းက နည်းနည်းတော့ မြင့်လွန်းနေတယ်မလား။ အကယ်၍ သာမာန်လူဆိုလျှင် မေ့လဲမကျသွားလျှင်တောင် အရိုးပျော့အသက်နှုတ် နံ့သာအား အများအပြား ရှူရှိုက်ပြီးနောက် ခွန်အားများ ဆုံးရှုံးသွားနိုင်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now