အခန်း(၈၀)

71 11 4
                                    

အခန်း(၈၀)

သံသယက  ပြောင်းလဲသွားပြီ။





Jun Jiuchen မှာ ရုတ်တရက် လှည့်လာပြီး Gu Feiyan ၏ မျက်လုံးများထံ သတိမပေးပဲ တည့်တည့်ကြည့်လိုက်သည်။ Gu Feiyan မှာ ထိတ်လန့်သွားပြီး သူမ၏ ပြုံးနေသော မျက်လုံးများမှာ ကြောက်လန့်တကြား ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။

Jun Jiuchen ၏အမူအရာမှာ ပဟေဠိဖြစ်သွားကာ သံသယရှိစရာမလိုပဲ သူမ ဘာလုပ်နေလဲ မေးနေဟန်တူသည်။

Gu Feiyan မှာ သူ့ကို ဘယ်လိုဖြေဝံ့မည်လဲ။ သူမ သူ့ကိုသာ စိုက်ကြည့်နေပြီးနောက် ဘာမှမဖြစ်သကဲ့သို့ ခန်းမဆီသို့ ဖြည်းညင်းစွာ လှည့်ကြည့်ကာ သူမ၏ အမူအရာမှာ တောင့်တင်းနေလေသည်။

Jun Jiuchen မှာ တိတ်တဆိတ် ပဟေဌိဖြစ်သွားတော့သည်။ ဤမိန်းကလေးမှာ အလွန်လိမ္မာပါးနပ်သည့်တိုင် တစ်ခါတစ်ရံတွင် မည်သည့်အတွက်ကြောင့် ဤမျှလောက် တုံးအနေရသည်လဲ။

သူက ထိုကိစ္စကို လိုက်မလျှောက်တော့ပဲ ဆေးဝါးပညာရှင်ကြီး၏ အစီရင်ခံမှုကို ဂရုတစိုက် နားထောင်လိုက်သည်။ "အရှင့်သားကို ​ဖြေကြားပါတယ်။ ဒီဆေးမှုန့်မှာ သက်တမ်းဆယ်နှစ်ကနေ တစ်ရာအထိ ဂျင်ဆင်း အမျိုးအစား အများအပြား ပါဝင်ပါတယ်။ Panax notoginseng [T/N  တရုတ်စန်ချီ။ တရုတ်ဒေသမျိုးရင်း ဂျင်ဆင်း] ၊  Phytophthora sinensis [T/N တရုတ် မှင်ဘယ်ရီ] …"

Gu Feiyan မှ မျှော်လင့်ထားသည့်အတိုင်း ဆေးဝါးပညာရှင်ကြီးမှာ နာမည်အမြောက်အများ ရွတ်သွားသော်လည်း “လျှိုသန်လျှူရှန်” ဟူသော စကားလုံးကို မပြောခဲ့ပေ။ နာမည်အစုံဖတ်ပြီး နောက်ဆုံးတွင်  အမှုန့်မှာ အဆိပ်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

အရှင်ကုန်းမှာ ချက်ချင်းမေးလိုက်သည်။ "Wu Guan၊ ဒီဆေးပစ္စည်းတွေ ဘယ်ကရတာလဲ။ ဒီအဆိပ်ကို ဘာအတွက်ကိုသုံးတာလဲ။ ဆေးဝါးပညာရှင်ကျန်း နဲ့ မင်းက ဘယ်လိုဆက်ဆံရေးရှိနေတာလဲ။ "

ဝူကုန်းကုန်းမှာ ဆေးဝါးပညာရှင်ကြီး၏ ဆုံးဖြတ်ချက်မှ ၎င်းကို မျှော်လင့်ထားပြီး ဖြစ်သည်။ သူက လျှိုသန်လျှူရှန်ကို သူနှင့်အတူ ယူဆောင်လာရန် သတ္တိရှိနေသောကြောင့် စုံစမ်းစစ်ဆေးခံရမည်ကို ကြောက်ရွံ့နေခြင်း မရှိပေ။ သူက ဆေး၏ အရင်းအမြစ်ကို ရှင်းပြရန် အကြောင်းပြချက် မရှာနိုင်တော့သောကြောင့်၊ ရိုးရှင်းစွာဖြင့် မည်သို့မှ ရှင်းမပြတော့ရန် စိတ်ပိုင်းဖြတ်လိုက်လေသည်။ သူက ကွပ်မျက်ခံရလျှင်တောင် စကားပြောမည် မဟုတ်ပေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now