အခန်း(၂၂)

224 17 0
                                    

အခန်း(၂၂)

ရွေးချယ်စရာနှစ်ခုပေးမယ်။



ချီမိသားစု၏ စေ့စပ်ပွဲဖျက်သိမ်းမှုစာချုပ်မှာ စကားခွန်းတည်းပင် ဖော်ပြရလျှင်--- ခွေးစကားများပင်။

စေ့စပ်ပွဲဖျက်သိမ်းမှုစာချုပ်တွင် ဤသို့ဖော်ပြထားလေသည်- နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ချီ မိသားစုမှာ ကုမိသားစု၏ ကျဆင်းလာမှုအား ဂရုမစိုက်ပဲ  Gu Feiyan မှ ဆေးကျွန်တစ်ဦးသာဖြစ်လင့်ကစား အတင်းအဖျင်းစကားများအား ဂရုမစိုက်ပဲ လက်ထပ်စာချုပ်ချုပ်ဆိုပြီးနောက် ကုမိသားစုအား အမျိုးမျိုးသောအကူအညီများ ဆက်လက်ပေးခဲ့သည်။ဤအတောအတွင်း Qi  Yu မှာလည်း Gu Feiyan ထံ  မကြာခဏ လာရောက်၍ ဂရုစိုက်ပေးခဲ့သည်။ Gu Feiyan မှာ သူမနဲ့ မထိုက်တန်ကြောင်း သိနေလေသည်။ သူမက အမြဲတစေ ကျေးဇူးတင်နေခဲ့ပြီး ကတိတည်ရန် မတောင်းဆိုခဲ့ပေ။ ယခုတစ်ကြိမ်တွင် တော်ဝင်ဆေးပေးခန်း၏ ပို့ဆောင်ရေးတာဝန်ကြောင့် သူမက နားလည်မှုလွဲခြင်း ဖန်တီးမိကာ အတင်းအဖျင်းပြောခြင်းများ ခံခဲ့ရသည်။ သူမက ပို၍ပင် အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် အိမ်ထောင်ရေးအား အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ သူက သူမ၏ တောင်းဆိုမှုအား သဘောတူခဲ့ပြီး သူမ​၏ နှစ်ပေါင်းများစွာ ချစ်ခင်ကြင်နာမှုအတွက် လျော်ကြေးပေးရန် ဆန္ဒရှိနေသည် ----- ဟူ၍ပင်။

Gu Feiyan  မှာ နောက်ဆုံးစာလုံးအား ဖတ်ပြီးလျှင် နောက်ဆုံးတွင်တော့ ပုံမှန်အားဖြင့် ဂုဏ်သိက္ခာကြီးမားလှသော စစ်သူကြီးငယ်ချီမှာ ဤကောလဟာလများ ကြားတွင် စေ့စပ်မှုအား ဖျက်သိမ်းဝံ့သော အကြောင်းအရင်းအား နားလည်သွားတော့သည်။ သူက စေ့စပ်ပွဲအား ဖျက်သိမ်းလိုရုံသာမက ဤအခွင့်အရေးတွင် သူမ၏ အကူအညီအား အသုံးချကာ ခေါင်းမှ ဦးထုတ်စိမ်းချွတ်၍ သိက္ခာဆယ်လိုနေသည်။

ထိုအကြံအစည်မှာ အတော်လေး ကောင်းမွန်လှသည်။ သို့တိုင် သူ့ကိုယ်သူ အမွှမ်းတင်ရန် သူမအား အလွန်အမင်း စော်ကားမော်ကား လုပ်နေသည် မဟုတ်လော။

Gu Feiyan  မှာ စေ့စပ်ပွဲဖျက်သိမ်းမှုစာချုပ်ကာ ပိတ်ကာ အေးစက်စွာ ပြောလိုက်သည်။ “ကျွန်မက ဒီလို စာချုပ်ဖျက်သိမ်းတာမျိုး လက်မခံဘူး။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now