အခန်း(၁၀)

241 22 0
                                    

အခန်း(၁၀)

လူသိရှင်ကြားနှင့် ကိုယ်ရေးကိုယ်တာကိစ္စ။




Gu Feiyan မှာ ဒေါသထွက်လာသည်။

သူမက အမှန်ပဲ…. Qi Yu နဲ့ စေ့စပ်ထားတယ်။ ဒါပေမယ့် သူမက ဘယ်တုန်းက သူ့ကို လက်ထပ်ထားလို့လဲ။သူနဲ့လက်ထပ်ထားရင်တောင် ဘာဖြစ်လဲ။

၎င်းမှာ အတူတူပင်။ သို့တိုင် အလွန်ရိုးရှင်းနေသည်။စစ်သူကြီးချန်အိမ်တော်၏  ပထမဇနီး သခင်မလင်းသမှာ ဘယ်လိုလုပ် နားမလည်နိုင်ပဲနေမည်လဲ။ သူမက မနေ့ညကတည်းက တစ်စုံတစ်ယောက်အား ကယ်တင်ရန် မနားရသေးသော်လည်း နောက်ဆုံးတွင် ဤသို့ မရှင်းပြနိုင်သော အရှက်တရားခွဲမှုမျိုးအား ခံစားနေရဆဲပင်။

ဒါ ဘာလဲ။

Gu Feiyan မှာ ရွှေဒင်္ဂါးပြားအိတ်အား ကောက်ယူလိုက်ပြီး သခင်မလင်းအား အေးစက်သောအမူအရာဖြင့် ကြည့်လိုက်သည်။ သခင်မလင်းမှာ Gu Feiyan ၏ စွမ်းရည်အား တွေ့ကြုံခဲ့ရပြီး သူမအား တစ်ခုခုလုပ်တော့မည်ဟု စဥ်းစားမိသွားသည်။ သူမက အလျင်အမြန် နောက်ဆုတ်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ “ရဲတင်းလိုက်တာ.. မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"

Gu Feiyan ၏ အမူအရာမှာ မပြောင်းလဲပဲ အေးစက်စွာဖြင့် ပြောလိုက်သည်။ "သခင်မ Lin ၊စစ်သူကြီး Cheng ရဲ့ အခြေအနေက နည်းနည်းတော့ သက်သာလာပါပြီ။ ဂရုတစိုက် ပြုစုစောင့်ရှောက်ဖို့ လိုအပ်နေပါသေးတယ်၊ မပေါ့ဆပါနဲ့။ တစ်ယောက်ယောက်ကို ပြောင်းဆန်ပြုတ် ပြုတ်ခိုင်းပြီး စစ်သူကြီး Cheng သတိရလာရင်  အရင်သောက်ခိုင်းပါ၊ ခုနစ်ပုံလောက်ပဲ စားလို့ရပါဦးမယ်။ ဆေးသောက်စရာ မလိုသေးပါဘူး။ တော်ဝင်သမားတော်ဆု ညွှန်ကြားထားတဲ့ ဆေးကို အချိန်မီသောက်ပြီးတော့ လမ်းညွှန်ချက်အတိုင်းပါပဲ။ တော်ဝင် သမားတော်ဆု က ဒီည စစ်စခန်းကို လာပါလိမ့်မယ်။ အဲ့ဒီကျရင် သူ့ ညွှန်ကြားချက်ကို နားထောင်လို့ ရတယ်။”

သခင်မ Lin မှာ Gu Feiyan မှ ထိုသို့ ပြောလာမည်ဟု မထင်ထားပေ။ သူမက အနည်းငယ် အံ့အားသင့်သွားသော်လည်း ပို၍ အထင်အမြင် သေးလာလေသည်။သူမက တံခါးအား ညွှန်ပြပြီးနောက် ဒေါသတကြီးဖြင့် ပြောလာလေသည်။ "ဟန်ဆောင်မနေနဲ့။ နင်က ကြင်နာဟန်ဆောင်နေတာပဲ။ ချက်ခြင်း ထွက်သွား။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now