အခန်း(၃၆)

111 14 2
                                    

အခန်း(၃၆)

သူ၏ ထောင်ချောက်တွင်းသို့ ကျဆင်းသွားခြင်း။





Gu Feiyan မှာ မှန်းဆရန် အပြင်းအထန် ကြိုးစားနေကာ ဆက်လက် စူးစမ်းလိုက်ဆဲ ဖြစ်သည်။ Jun Jiuchen မှာ သူမအား ဖြတ်ပြောလိုက်သည်။ "ကြည့်ရတာ ဆေးပစ္စည်းတွေကို တိတ်တဆိတ်ပြောင်းတဲ့ကိစ္စကို မင်းလက်ခံပြီးပြီထင်တယ်။"

အိုး...

Gu Feiyan ၏ အတွေးများအားလုံးမှာ သူမ အံ့အားသင့်သွားသကဲ့သို့  ရပ်တန့်သွားတော့သည်။ သူမက သူ၏သရုပ်မှန်အား ခွဲခြမ်းစိတ်ဖြာရန်သာ အလွန်ကြိုးစားနေမိကာ အစောပိုင်းမှ သူက သတ်မှတ်ခဲ့သောအချက်အား လျစ်လျူရှုမိသွားသည်။ သူမ သေရလျှင်တောင် အသိအမှတ်ပြုမည် မဟုတ်သော ကိစ္စများအား ဆန္ဒအလျောက် ဝန်ခံမိသွားတော့သည်။

သူမ အဖျားရှိနေတာပဲ ဖြစ်ရမယ်။ သူမက စဥ်းစားလိုက်တော့သည်။

သူမ Jun Jiuchen ၏ အေးစက်သော မျက်လုံးများအား နောက်တစ်ကြိမ် မြင်လိုက်ရသောအခါတွင်တော့ မတတ်သာပဲ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ကိုယ့်ကိုကိုယ်သာ ဖြေသိမ့်နေရသည်။ ထိုအမျိုးသားမှာ မည်သူပင်ဖြစ်ပါစေ အနည်းဆုံးတော့ အဆင့်အတန်းမှာ ရန်သူ မဟုတ်ပေ။ သူမ၏ အသက်လေးမှာ မဆုံးရှုံးနိုင်သေးပေ။

"ကျွန်မတို့က တစ်​​ဘက်​တည်းရှိ​နေတာ​ကြောင့်​ ဘာလို့အ​ခြေအ​နေ​ကို လိုရင်းတန်းမပြောရမှာလဲ။ ရှင်က ကျွန်မကိုဘာလို့ပြန်​​ပေးဆွဲတာလဲ။"

Jun Jiuchen မှာပို၍ပင် တည့်တိုးဆန်လေသည်။ "ငါ့ကို အရင်ပြော။ မင်းက ဘယ်သူလဲ။ မိန်းကလေးကုအစား တော်ဝင်ဆေးပေးခန်းမှာ မင်းဘာလို့ ပုန်းနေတာလဲ။"

Gu Feiyan မှာ ဒီကောင်မှ သူမအား ထိုမျှ ကြောက်စရာကောင်းသော မေးခွန်းထုတ်လာမည်ဟု မမျှော်လင့်ထားသဖြင့် သူ၏ စူးစမ်းနေမှုအား မသိစိတ်မှ အလိုအလျောက် ရှောင်တိမ်းလိုက်မိသည်။  သူမက တုံးလွန်းခြင်း မဟုတ်ဟု စဥ်းစားလိုက်ပြီး….. ဒီကောင်ကသာ ထက်မြက်လွန်းနေတာ။

Jun Jiuchen ၏ အေးစက် ပြင်းထန်သော အကြည့်များမှာ Gu Feiyan ၏ မျက်လုံးများ နောက်သို့လိုက်လာကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now