အခန်း(၅၁)

108 10 4
                                    

အခန်း(၅၁)

အရှင့်သား… ဒီလို မလုပ်ပါနဲ့။







Jun Jiuchen မှာ အအေးမိဖျားနာခြင်းမဟုတ်ပဲ အအေးအဆိပ်သင့်ထားခြင်းပင်။ ၎င်းက သူ၏ ဘဝတွင် အကြီးမားဆုံးလျှို့ဝှက်ချက်လည်း ဖြစ်သည်။ ရေပူစမ်းရေစိမ်ခြင်းမှာ အအေးဓါတ်ကို ဖယ်ရှားပြီး သူ၏ အသက်ကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်။ သူက ခါးသီးပြီး အရိုးများအတွင်းအထိ ထွင်းဖောက်လာသည့် အအေးဒဏ်ကို အကြိမ်ကြိမ် ခုခံနေခဲ့သည်။

Jun Jiuchen မှာ Gu Feiyan ၏ လက်ထဲမှ သတ္တုရိုင်းကို မယူခဲ့ပေ။ သူ၏ ကြီးမားသော လက်ဖဝါးမှာ Gu Feiyan ၏ သေးငယ်သော လက်ပေါ်တွင် ခဏကြာ ရပ်တန့်သွားပြီးနောက် ရုတ်တရက် သူမကို ဆုတ်ကိုင်ကာ သူ၏ လက်ကျန်ခွန်အားကို အသုံးပြု၍ရင်ခွင်တွင်း ရက်စက်စွာ ဆွဲခေါ်လိုက်သည်။

"အရှင့်သားကျင်းဝမ်.."

Gu Feiyan မှာ အခြေအနေကို နားမလည်နိုင်ဖြစ်ပြီး အံ့အားသင့်နေသည်။

Jun Jiuchen မှာ ချက်ချင်းပင် အရေးယူ လှုပ်ရှားသင့်သော်လည်း သူက ခဏကြာ ရပ်တန့်သွားသည်။ သူက လှုပ်ရှားခါနီးတွင် ရုတ်တရက် ကျောရိုးများပင် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ရင်လာတော့သည်။

ဒါက ဘယ်လိုဖြစ်နိုင်ရတာလဲ။

အကယ်၍ ဆေးဖက်ဝင်ရေချိုးခြင်းမှာ မအောင်မြင်လျှင်တောင် သူက အအေးဓါတ်ကို ခုခံရန် အတွင်းအား အသုံးပြုနိုင်မည်ဟု ယုံကြည်ထားသည်။

သူက ဤအအေးဆိပ်သင့်ခဲ့ချိန်မှ စကာ ဤမျှလောက်မအေးဖူးပေ။ ဤအခိုက်အတန့်တွင် သူက ထိန်းမနိုင်သိမ်းမရ တုန်ရင်နေကာ နွေးထွေးမှုကို အလွန်လိုချင်တောင့်တလာသည်။

Gu Feiyan မှာလည်း အံ့သြသွားတော့သည်။ "အရှင့်သား ဘာဖြစ်သွားတာပါလဲ။"

Gu Feiyan မှာ ဆေးဖက်ဝင်ရေပူစမ်းတွင် အချိန်အတော်ကြာ စိမ်နေခဲ့သည်။ သူမ၏ တစ်ကိုယ်လုံး၊ အထူးသဖြင့် သူမ၏ လက်ဖဝါးများမှာ နွေးထွေးနေလေသည်။ ဤအခိုက်အတန့်တွင် ၎င်းမှာ Jun Jiuchen အတွက် ပြင်းထန်သော သွေးဆောင်မှုတစ်ခုပင်။ သူက ကျိုးကြောင်းဆီလျော်မှုကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းကို ဆုံးရှုံးသွားတော့သည်။ သူက Gu Feiyan ကို အလိုအလျောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်လေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now