အခန်း(၄၁)

112 14 0
                                    

အခန်း(၄၁)

လူရွေးချယ်ခြင်း။ မွေးနေ့အက္ခရာ။



ဝေါယာဥ်မှာ ဖြည်းညင်းစွာ နိမ့်ချလိုက်ပြီး မန်ကုန်းကုန်းမှာ ပျင်းရိစွာ လမ်းလျှောက်ထွက်လာကာ အဝတ်အစားများကို ဖြည်းညင်းစွာ သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

Gu Feiyan မှာ သူ့အား ကြည့်နေရင်း သူမကိုယ်သူမ မကာကွယ်နိုင်ဖြစ်နေသော်လည်း လျှို့ဝှက် ဆေးညွှန်းများအကြောင်း တွေးနေမိသည်။

ပုပ်သိုးနေသော ရေခဲတုံးမှာ ထိုမျှလောက် အားကိုးမရ ဖြစ်နေခြင်း မရှိရန် သူမ ဆုတောင်းမိသည်။ သူမအား လိမ်လည်ခြင်းမှာ အဆင်ပြေသေးသည်။ သို့သော်  အနည်းဆုံးတော့ သူက အရှင့်သားကျင်းဝမ်အားအသက်အန္တရာယ်ရှိနိုင်သော ကိစ္စများဖြင့် ပတ်သက်၍ သတိပေးရမည်။ ဆေးဝါးများမှာ အသက်များအား ကယ်တင်ရန် ရည်ရွယ်သော်လည်း ၎င်းတို့အား လူသတ်ရန် အသုံးပြုသည့်အချိန်တွင်တော့ ကာကွယ်ရန် မဖြစ်နိုင်ပေ။

မန်ကုန်းကုန်းမှာ အခန်းထဲဝင်လာလျှင် မင်းသမီး Huaining အား တွေ့ပြီးနောက် အလိုက်သင့်သလို နှုတ်ဆက်လိုက်သည်။ "ဒီအစေခံက မင်းသမီး Huaining ကို နှုတ်ဆက်ပါတယ်။"

မင်းသမီး Huaining မှာ ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအား နောက်ထပ် လူတစ်ယောက်အား မသိစေချင်တော့ပေ။ သူမက "ထတော့.." ဟူသော စကားလုံးသာ ပြောပြီး ရွှယ်ကုန်းကုန်းအား လှမ်းကြည့်၍ ခြေလှမ်းကျယ်ကျယ်လှမ်းကာ ထွက်လာလေသည်။

ရွှယ်ကုန်းကုန်းမှာ Gu Feiyan အား ထွက်ခွာရန် တိုက်တွန်းလိုက်သည်။ သို့သော် မန်ကုန်းကုန်းမှာ သူတို့အား တားမြစ်ကာ Gu Feiyan အား ကြည့်လိုက်မည်ဟု မည်သူက သိမည်လဲ။။ “ဒါက…”

နေရာတွင် ရှိနေသည့် လူတိုင်းမှာ အံ့သြသွားကြတော့သည်။ မန်ကုန်းကုန်းမှာ Gu Feiyan ကို ရုတ်တရက် မည်သို့ သတိထားမိသွားသည်လဲ။

မင်းသမီး Huaining မှာ ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ Gu Feiyan မှာ အံ့အားသင့်နေသော်လည်း ၎င်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နေ၍ သူမက မျှော်လင့်ချက်များစွာ မထားရှိတော့ပေ။မန်ကုန်းကုန်း၏ အဆင့်အတန်းမှာ မည်မျှပင်မြင့်မားပါစေ သူက မင်းသမီး Huaining ဖြင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်လဲ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now