အခန်း(၇၆)

87 13 6
                                    

အခန်း(၇၆)

ရှင်.. လူရမ်းကား။




ဆေးလိမ်းပေးမယ်။

ဒီကောင်က သိပ်သဘောကောင်းနေပါ့လား။

Gu Feiyan ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူမ၏ လက်များကို နောက်ကျောတွင် ဝှက်ထားပြီး နှာခေါင်းရှုံ့လိုက်သည်။ "မခံယူဝံ့ပါဘူး။"

Jun Jiuchen မှာ ပြောလာသည်။ “ကောင်းပြီ။ အစေခံ ခေါ်လိုက်။"

Gu Feiyan မှာ ချက်ချင်းစိုးရိမ်သွားတော့သည်။ " ရှင် ဘာလုပ်ချင်လဲ။"

အစေခံ ခေါ်ရမယ်! ဒီလိမ်းဆေးတွေ ရလာတာကို ဘယ်လိုရှင်းပြရမလဲ။ ဒီကောင်က သူမကို ခြိမ်းခြောက်နေတာ ရှင်းနေတာပဲ။

Jun Jiuchen မှာ သူမကို ပြန်မဖြေပဲ စကားလုံးများကို ရွှေကဲ့သို့ တန်ဖိုးထားဆဲပင်။ “လက်။”

Gu Feiyan ၏ မျက်နှာမှာ သုန်မှုန်ကာ တုံ့ဆိုင်းနေသည်။

နောက်ဆုံးတော့ Jun Jiuchen မှာ မော့ကြည့်လာကာ အေးစက်သော မျက်လုံးများမှာ သူ့ကို တတိယအကြိမ် မေးမြန်းရခြင်း မပြုစေရန် သတိပေးနေဟန်တူသည်။ Gu Feiyan မှာ သူ့ကို ဒေါသတကြီးကြည့်ရင်း အပေါ်နှုတ်ခမ်းကို ကိုက်လိုက်လျှင် သူမ၏မျက်နှာမှာ အထူးရုပ်ဆိုးခက်ထန်လာတော့သည်။ သူမ လက်ကို မကျေမနပ် ဆန့်ထုတ်၍ မျက်လုံးများကို လှိမ့်လိုက်လေသည်။   

Jun Jiuchen ၏ရှေ့တွင် မည်သည့်အမျိုးသမီးမဆို ၀တ်စားပြင်ဆင်ကာ ချွဲ့နွဲ့မူဟန်ပို၍ ပြီးပြည့်စုံပြီး ဆွဲဆောင်မှုအရှိဆုံးကို ပြသရန် ကြိုးစားအားထုတ်မှု တတ်ကြသည်။ သို့တိုင် Gu Feiyan ကဲ့သို့ ရှုံ့မဲ့နေသည့် မျက်နှာကို သူက ပထမဆုံး မြင်ဖူးခြင်းပင်။    

တစ်နေကုန် တင်းမာနေသည့် သူ၏ နှုတ်ခမ်းထောင့်များမှာ မနေသာပဲ ရယ်မောမိလုနီးပါးပင်။ ကံကောင်းထောက်မစွာ သူက ၎င်းကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။  

သူက မမြင်ချင်ယောင်ဆောင်ကာ ခေါင်းငုံ့၍ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။    

ဤဖမ်းဆွဲမှုဖြင့် Gu Feiyan မှာ အမှန်တကယ်ပင် တုန်လှုပ်သွားပြီး မသိစိတ်တွင် တင်းမာလာသည်။ ထိုသို့သော ထိတ်လန့်မှုမျိုးမှာ အမျိုးသားတစ်ယောက်ထံမှ ပထမဦးဆုံးအကြိမ် ဖမ်းဆုပ်ခံရခြင်း၏ ထိတ်လန့်ခြင်းမျိုးမဟုတ်ပဲ ကြောက်ရွံ့မှုမျိုးပင်။ ထိုသူမှာ သူ့မကို ဒုက္ခပေးကာ ထိခိုက်စေမည်ကို ကြောက်ရွံ့နေမိသည်။    

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now