အခန်း(၂၄)

136 15 2
                                    

အခန်း(၂၄)

ကြီးမြတ်တဲ့ စစ်သူကြီးချန်က ထမင်းစားဖိတ်တယ်။






မြင်းလှည်း လိုက်ကာမှာ မြင့်တက်သွားသည်။ အထဲရှိ လူမှာ အခြားသူမဟုတ်ပဲ Cheng Yifei  ပင်။ အကယ်၍  Gu Feiyan  မှာ သူ့အား ထိုကဲ့သို့ ဆိုးရွားသော အခြေအနေတွင် ဘယ်လို ရှိခဲ့ကြောင်း မမြင်ခဲ့ရလျှင် လွန်ခဲ့သော နှစ်ရက် သို့မဟုတ် သုံးရက်မှ ငရဲတံခါးမှ ပြန်လာသူမှန်း သိနိုင်မည် မဟုတ်ပေ။ သူက ဖြောင့်တန်းသော မျက်ခုံးများနှင့်အတူ ကြယ်ရောင်တောက်နေသော မျက်လုံးများဖြင့် အလွန် ချောမောသော မျက်နှာ ရှိလေသည်။ ပြီးခဲ့သည့် ရက်အနည်းဖြင့် ယှဉ်လျှင် ယခင်က ညင်သာကာ မကျန်းမာဟန် ရှိသော်လည်း ယခုတွင် မည်သူမှ လျစ်လျူရှု၍ မရနိုင်သော အငွေ့အသက်များ ပြည့်နေသည်။

ထိုအမျိုးသားမှာ အပြည့်အဝ မသက်သာသေးကြောင်း  Gu Feiyan  မှ အလွန်သေချာနေသည်။ သို့တိုင် မည်သို့ပင် ကြည့်ပါစေ သူက ပုံမှန်လူတစ်ယောက်ထက် ပို၍ သန်မာဟန်ရှိလေသည်။ အကယ်၍ လွန်ခဲ့သော သုံးနှစ်မှ စစ်ပွဲတွင် စစ်သူကြီးဟောင်းချန်မှ ကျဆုံးသွားခြင်း မရှိလျှင် Cheng Yifei  မှာ ယခုတွင် စစ်သူကြီးငယ်အဖြစ်သာ ရှိနေဦးမည်။ သူက Qi Yu ထက် သုံးနှစ်သာ ကြီးသူဖြစ်သည်။ သို့သော် Qi Yu မှာ သူ၏ ဘေးတွင် ရပ်လိုလျှင် သူက အရှိန်အဝါများအား အရင် နှိမ့်ချပေးမှ ဖြစ်လိမ့်မည်။

Cheng Yifei မှာ အိမ်၏ တံခါးမအား စိုက်ကြည့်နေပြီး Gu Feiyan အား သတိမပြုမိပေ။ မြင်းလှည်းမှာ ဖြည်းညင်းစွာ ရပ်တန့်သွားသည်။  Gu  Feiyan ၏ နှလုံးသားမှာလည်း ခုန်ပေါက်နေပြီး ချက်ချင်းပင် လှည့်ပြေးတော့သည်။ မိုးရွာနေကာ မိုးစက်များ သည်းထန်စွာ ကျဆင်းနေချိန်တွင် သူမက မည်သို့ လွတ်မြောက်နိုင်မည်လဲ။

ကံမကောင်းစွာဖြင့် ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးခင် မြှားတစ်စင်းမှာ သူမ၏ နောက်မှ ပျံသန်းလာကာ နားမှ ဖြတ်သွားပြီးနောက် ရှေ့ရှိမြေပြင်တွင် ထိုးစိုက်သွားတော့သည်။ “ဆေးမိန်းကလေးငယ်လေး  ဒီစစ်သူကြီးက မင်းရဲ့ အိမ်တံခါးတောင် ရောက်နေပြီ။ မင်းက လှည့်ထွက်သွားဦးမလို့လား။ ဒီစစ်သူကြီး အရမ်းစိတ်တိုရတယ်။ ဟားဟားဟား…”

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now