အခန်း(၃၅)

117 14 4
                                    

အခန်း(၃၅)

ခန့်မှန်းကြည့်။






Jun Jiuchen ၏မျက်လုံးထဲမှ အံ့အားသင့်မှုများမှာ အချိန်အတော်ကြာကပင် ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ရာ အေးစက်မှုက အစားထိုးလာခဲ့သည်။ သူက Gu Feiyan ၏ လက်များအား အတင်းဆွဲဖယ်လိုက်လျှင် သူမက ချက်ချင်းပင် မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။

Gu Feiyan မှာ ညည်းညူနေကာ မျက်ခုံးနှစ်ဖက်မှာ ကျုံ့နေသည်။  သူမက မျက်လုံးများ မှိတ်ထားကာ နွေးထွေးမှု၏ အရင်းအမြစ်အား ရှာရန် ကြိုးစားနေသကဲ့သို့ လက်များမှာ မြေပြင်ပေါ်တွင် ဆုတ်ထားသည်။

သူမက မည်မျှ အေးနေမှန်း ကောင်းကင်ကသာ သိလိမ့်မည်။

Jun Jiuchen မှာ သူမအား ဂရုမစိုက်ပဲ ကြည့်လိုက်သည်။ သူက သစ်ပင်တစ်ပင်ကို မှီ၍ လက်နှစ်ဖက်ပိုက်ထားကာ ကြယ်များအား မော့ကြည့်လိုက်သည်။ သူက ထိုအမျိုးသမီးအား ထပ်မံ ထိတွေ့လိုချင်း မရှိတော့သဖြင့် Mang Zhong မှ ရောက်လာရန် စောင့်နေလေသည်။ သို့သော် ခဏအကြာတွင် သူက မသိစိတ်ဖြင့် တစ်ချက်ကြည့်လိုက်မိပြန်သည်။ Gu Feiyan မှာ မြေပြင်အား ဆုတ်ကိုင်ထားခြင်း မရှိတော့ပဲ စက်ဝိုင်းကဲ့သို့ ကွေးနေကာ အနည်းငယ် တုန်ရီနေသည်အား တွေ့လိုက်ရလေသည်။

Jun Jiuchen မှာ လမ်းတဝိုက်အား လှမ်းကြည့်သော်လည်း Mang Zhong ၏ အရိပ်အယောင်အားပင် မတွေ့ရချေ။ သူ၏ မျက်ခုံးကြားတွင် ရှားပါးလှသော စိတ်မအေးနိုင်သည့် ခံစားချက်တစ်ခုမှာ တိုးထွက်လာသည်။ အဆုံးတွင် သူက လမ်းလျှောက်သွားကာ Gu Feiyan အား ချီလိုက်ပြီး ပုခုံးပေါ် ထမ်းတင်လိုက်သည်။ သူက အမျိုးသမီးတစ်ယောက်အား မည်သို့ ပွေ့ဖက်ရမည်မှန်း  ဘယ်လိုသိနိုင်မလဲ။Cheng Yifei မှာ ယခင်က လုပ်ဆောင်ခဲ့ခြင်းအား ကြည့်ကာ သူက သင်ယူခဲ့ခြင်းပင်။

သူမက နွေးထွေးမှု၏ အရင်းအမြစ်အား ထိမိလျှင်  ပျောက်သွားမည်အား စိုးရိမ်နေသကဲ့သို့ ယခင်ကထက် ပို၍ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်လေသည်။ Jun Jiuchen မှာ ကိုယ်ဖော့စွမ်းရည်ဖြင့် တတ်နိုင်သမျှ အမြန်ဆုံး ထွက်လာလေသည်။ သူ၏ တင်းကျပ်စွာ ကျုံ့နေသော မျက်ခုံးများမှာမူ အချိန်တစ်ခုလုံး ပြေလျော့သွားခြင်းမရှိပေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now