အခန်း(၃၄)

117 11 6
                                    

အခန်း(၃၄)

နွေးထွေးပြီး သက်တောင့်သက်သာ ရှိတယ်။






Cheng Yifei မှာ လေးနက်ကာ စိတ်မြန်လက်မြန်ရှိသူ ဖြစ်သည်။

သူက စစ်တပ်အာဏာအား ချုပ်ကိုင်ထားနိုင်သော်လည်း စစ်သူကြီးတစ်ဦးသာဖြစ်သည်။ မင်းသမီး Huaining အား ဆန့်ကျင်ကာ ဆေးမိန်းကလေးတစ်ယောက်အား ကာကွယ်ရန် အနည်းဆုံးတော့ သူ့တွင် တရားဝင်အကြောင်းပြချက်ရှိရမည်။ Gu Feiyan မှာ Cheng Yifei အား ကြည့်ကာ သူ၏ပုန်ကန်သောမျက်နှာမှာ လေးနက်လာလျှင် ၎င်းမှာ လူအများ၏နှလုံးသားအား နားမလည်နိုင်အောင် နာကျင်စေနိုင်လေသည်။

ဒီကောင်က အတော်လေး ပါးနပ်ရဲ့သားနဲ့ ဘာလို့ရုတ်တရက် ဒီလောက် တုံးလာရတာလဲ။

Gu Feiyan မှာ တီးတိုးပြောလိုက်လေသည်။ "Cheng Yifei.. မေ့လိုက်တော့… ဆေးညွှန်းက အတုမှန်းသိနေတယ်ဆိုတာ ကျွန်မဝန်ခံတယ်။ ဒါပေမယ့် ရှင့်ကို အန္တရာယ်ပေးဖို့ ကျွန်မ မရည်ရွယ်သလို ဘယ်သူ့ကိုမှ ဖုံးကွယ်ထားတာလည်း မဟုတ်ဘူး။ ဆေးစမ်းသပ်ပြီးတော့ ဆေးညွှန်းမှာ တစ်ခုခုမှားနေတာ တွေ့တာမလို လျှို့ဝှက်လဲရုံကလွဲပြီး ကျွန်မမှာ ရွေးချယ်စရာမရှိဘူး။ ကျွန်မ ဒုက္ခမဖြစ်ချင်ဘူး။ ရှင်ကလည်း မြွေကို လွယ်လွယ်နဲ့မနှိုးမိစေနဲ့။"

"မင်း အဲ့ဒါကို ဝန်ခံနေသမျှ…"

Cheng Yifei မှာ သူမ၏လက်အား ချက်ချင်းပင် ဆွဲကိုင်လိုက်ကာ ရွှယ်ကုန်းကုန်း နှင့် ငြင်းခုံရန် ပြင်လိုက်သော်လည်း Gu Feiyan မှ သူ့အား အခြားလက်တစ်ဖက်ဖြင့် တားလိုက်သည်။

"Cheng Yifei … ကျွန်မတို့နှစ်ယောက် ဒီလို အကြီးအကျယ်လုပ်ထားတာ မင်းသမီး Huaining ကို Qi Yu က ဘယ်လိုမှ လက်ထပ်နိုင်မှာ မဟုတ်တော့ဘူး။ ချီမိသားစုက မင်းမျိုးမင်းနွယ် မဟုတ်သရွေ့ ရှင်တို့မိသားစု နှစ်ခုက အမြဲတမ်း တန်းတူ ဖြစ်နေလိမ့်မယ်။ အခြေအနေက ရှင့်အတွက် အရမ်းကောင်းနေတုန်းပဲ။ ရှင်က ကိုယ့်ကိုကိုယ် ဒုက္ခမပေးနဲ့။ ချန်စစ်တပ် ရဲ့ နာမည်နဲ့ ထျန်းယန် ရဲ့ ဥပဒေနဲ့ ရုံးတော်ကို ဆန့်ကျင်ရင် ဧကရာဇ်က ရှင့်ကို ဘယ်လို မြင်သွားမယ် ထင်လဲ။ ချီမိသားစုက ရှင့်ကို အခွင့်အရေးယူစေချင်နေတာလား။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now