အခန်း(၅၃)

122 13 4
                                    

အခန်း(၅၃)

သူမ မှားသွားတယ်… သူလည်း မှားသွားတယ်။





Jun Jiuchen မှာ မနေ့ညက အပြင်းအထန် နာမကျန်းဖြစ်ခဲ့သော လူတစ်ယောက်ဖြင့် လုံးဝ မတူတော့သဖြင့် သူမ အံ့အားသင့်သွားတော့သည်။ အဝေး၌ ရပ်နေသည့် သူ၏ ပုံရိပ်မှာ လူများစွာကို ဖြောင့်မတ်ထောင်လွှားကာ အထီးကျန်သော ခံစားချက်ကို ပေးစွမ်းနေသည်။ သူက နံရံကို မျက်နှာမူကာ လက်တစ်ဖက်ကို ကျောတွင် ပို့ထားပြီး နောက်လက်တစ်ဖက်ဖြင့် ကြယ်တစ်လုံးနှင့်တူသော ကျောက်စိမ်းသလင်းကို ကစားလျက် တစ်စုံတစ်ခုကို တွေးနေပုံရသည်။

ချောမောသော အမျိုးသားများသည် မည်သည့်အချိန်မဆို တစ်ယောက်တည်း ရပ်တည်နေရုံဖြင့်လည်း အမှန်တကယ် ခံ့ညားလေသည်။

Gu Feiyan မှာ သူက လှပသောရှုခင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသကဲ့သို့  လနှင့်ကြယ်များနှင့် အတူတစ်သားတည်း ဖြစ်သည်ဟုသာ ခံစားမိသည်။ သူက ပုံမှန်လောက် အေးစက်နေပုံမပေါ်သော်လည်း ဖော်မပြနိုင်သော တိတ်ဆိတ်မှုကို ပေးစွမ်းနေသည်။

Gu Feiyan မှာ လမ်းလျှောက်သွားသည်။ သူမ၏ခြေလှမ်းများသည် အလွန် ညင်သာပြီး ဤငြိမ်သက်မှုကို ချိုးဖျက်ရန် နှလုံးသားမရှိပေ။ သူမ ကိုယ့်ကိုကိုယ် သတ္တိပေးကာ တိုးညင်းစွာ ပြောလိုက်လေသည်။ "ဆေးမိန်းကလေး Gu Feiyan က အရှင့်သားကျင်းဝမ်ကို ဂါရဝပြုပါတယ်။"

မနေ့ညမှ တွေ့ဆုံမှုမှာ ရုတ်တရက်ဖြစ်ခဲ့ပြီး ယခုမှသာ တရားဝင်တွေ့ဆုံမှုဟု ယူဆနိုင်သည်။ Xia Xiaoman မှ သူမကို ရွေးချယ်ပြီးကတည်းက ကျင်းဝမ်မှာ သူမ၏ အထောက်အထားအကြောင်း ဦးစွာမေးမြန်းပြီး စကားအနည်းငယ်ပြောမည်ဟု Gu Feiyan မှာ တွေးခဲ့သည်။

သို့သော် သူက မလုပ်ခဲ့ပေ။

သူက Xia Xiaoman ထံမှ သူမ၏ အထောက်အထားကို သိထားပြီး ဖြစ်ကောင်းဖြစ်နိုင်သည် သို့မဟုတ် သူမ၏အထောက်အထားကို လုံးဝဂရုမစိုက်ခြင်း ဖြစ်နိုင်သည်။ သူမက ကျင်းဝမ်အိမ်တော်မှ ဆေးမိန်းကလေးတစ်ဦးဖြစ်လာသည် ဟူသောအချက်ကို သူက တိတ်တဆိတ် အသိအမှတ်ပြုပြီးသားဖြစ်ပုံရသည်။ သူ၏ အာရုံစူးစိုက်မှုမှာ လက်တွင်းရှိ ကျောက်စိမ်းကြယ်ပေါ် ရှိနေဆဲ ဖြစ်ကာ အေးစက်စွာ မေးလာလေသည်။ “မနေ့ညက ဘာဖြစ်ခဲ့တာလဲ။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Tempat cerita menjadi hidup. Temukan sekarang