အခန်း(၂၃)

332 27 7
                                    

အခန်း(၂၃)

ထိုးနှက်ချက်။ ဗိုက်ဆာတယ်။








Gu Feiyan  မှာ စာအား ဂရုတစိုက် ကြည့်လိုက်ပြီးနောက် စာပေါ်မှ လက်မှတ်မှာ Shangguan Yinghong  ၏ လက်မှတ်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူမက သာမာန် ဆေးဝါးမိန်းကလေး ဖြစ်နေရုံသာမက ဆေးဝါးပညာရှင်တစ်ယောက်ပင် ဆယ်ရက်ခွင့်ယူရန် မလွယ်ကူပေ။ Shangguan Yinghong ၏ လက်မှတ်ရရန်ဆိုလျှင် ရှင်းပြစရာပင် မလိုတော့ချေ။

ဒုတိယသခင်ကြီးကု နှင့် သခင်မဝမ်မှာ  Shangguan Yinghong  အား လာဘ်ထိုးရန် ပိုက်ဆံရှိမည်မဟုတ်ပေ။ ထိုကိစ္စမှာ ချီမောင်နှမ၏ လက်ချက် ဖြစ်နိုင်သည်။ သူတို့က သူမအား ကုအိမ်တွင် နေရန် ဖိအားပေးခြင်းမှာ အခြားမည်သည့် ရည်ရွယ်ချက် ရှိနိုင်မည်နည်း။ စိတ်ဆိုးရမည့် အစား Gu Feiyan  မှာ ပျော်ရွှင်နေသည်။ သူမက ဆရာဖြစ်သူထံမှပင် ဆယ်ရက်ခွင့်မရဖူးပေ။ နောက်ဆုံးတော့ သူမက လျှောက်သွားလို့ရပြီ။ သူမက လှည့်ပတ်သွားကာ အနှောင့်အယှက်များ ပြည့်နေသော နက်နဲကုန်းမြေကြီး၏ ကမ္ဘာအား ပို၍ သိရှိလိုသည်။ ချီမောင်နှမနှင့် ဒုတိယသခင်ကြီးကုတွင် မည်သည့်ရည်ရွယ်ချက်များ ရှိမှန်း စဥ်းစားရန်မှာမူ သူမက အလွန်ပျင်းရိနေသည်။ ဖြစ်လာမည့် အရာများမှာ မလွှဲမသွေ ဖြစ်လာလိမ့်မည်။ သူမက ကြောက်မနေတော့ပေ။

မကြာခင် ဝမ်းဗိုက်ထဲမှ ဆူညံသံများမှာ  Gu Feiyan  ၏ အတွေးအား နှောင့်ယှက်လာတော့သည်။ ဗိုက်ဆာတယ်!!!

ကျောက်စိမ်းပန်းမဏ္ဍပ်တွင် အစေခံမရှိချေ။ Gu Feiyan  မှာ စားဖိုဆောင်သို့ သွားလိုက်ပြီး တံခါးဝတွင်ပင် အစားအသောက်၏ မွှေးပျံ့သော ရနံ့အားရလိုက်လေသည်။ နေ့လည်စာ စားချိန်ပင်။

Gu Feiyan  မှာ ဝင်သွားချင်သော်လည်း ဘဏ္ဍာထိန်းရွှယ်မှာ သူမအား တားဆီးကာ အေးစက်စွာ ပြောလာသည်။ “အကြီးဆုံးသခင်မလေး.. ဒုတိယသခင်ကြီးက အမိန့်ချထားပါတယ်။ မင်းက မိသားစုစည်းကမ်း ဖောက်ဖျက်ပြီး အကြီးအကဲတွေကို မလေးစားဘူး။ မနာခံဘူး။ ဒါကြောင့် အပြစ်အနေနဲ့ ထမင်း မစားရဘူးလို့ ဒုတိယသခင်ကြီးက ပြောထားပါတယ်။ မင်းက သေချာစဥ်းစားပြီးလို့ ဘာအမှား လုပ်ထားလဲဆိုတာ နားလည်လို့ အမှားဝန်ခံဖို့ သူ့ကို လာရှာရမယ်။ မဟုတ်ရင် ဆန်တစ်စေ့တောင် မထိရဘူး။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now