အခန်း(၁၇)

198 18 2
                                    

အခန်း(၁၇)

ကင်းမီးကောက်ကဲ့သို့ အဆိပ်ပြင်းသော။




မင်းသမီး  Huaining  နှင့်  Gu Feiyan  မှာ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီး ဖြစ်သော်လည်း သူတို့၏ မျက်နှာအသွင်အပြင်မှာ ကွာခြားလှသည်၊။ သူမက အလှတရားအချို့ ပေါ်လွင်စေရန် မျက်နှာချေနှင့် ခမ်းနားသော အဝတ်အစားများအား မှီခိုနေရသည်။ သူမက Gu Feiyan  အား ကြည့်ကာ အဖြေအား စောင့်နေလေသည်။

စည်းမျဥ်းများအရ မြင်းလှည်းမှာ သူမနှင့် ဆယ်လှမ်း မကွာတော့ပေ။ မြင်းလှည်းတွင်းမှ လူမှ ဆင်းလာလျှင် သူတို့၏ အဆင့်အတန်းမှာ ဆုံးဖြတ်ခြင်းခံရတော့မည်။ ကျင့်ဝတ်ထုံးတမ်းမှာလည်း ကွာခြားသွားလိမ့်မည်။ မင်းသမီး Huaining ၏ အဆင့်အတန်းဖြင့်ဆိုလျှင် သူမကဲ့သို့ ဆေးဝါးမိန်းကလေးမှာ ဒူးထောက်ကာ အရိုအသေ ပေးသင့်သည်။ မင်းသမီး Huaining  မှာ သူမအား ရန်စရန် မြင်းလှည်းပေါ်မှ ဆင်းလာကြောင်း ထင်ရှားလှသည်။ Gu Feiyan  မှာ စိတ်တိုနေသော်လည်း သူမက လုပ်နိုင်သည့် အရာမရှိပေ။

ဧကရာဇ်မှ မျက်နှာသာပေးခြင်း ခံရသော မင်းသမီး Huaining မှာ နောက်ကွယ်တွင် မကောင်းမှုများစွာ ပြုလုပ်လေ့ရှိသည်။ သို့တိုင် ချီယု၏ သတို့သမီးလောင်းနှင့် ရင်ဆိုင်ရချိန်တွင် သူမက ထိန်းသိမ်းနေဆဲဖြစ်သည်။ ၎င်းမှာ ချီယုအား မျက်နှာသာပေးသော အကြောင်းအရင်းတစ်ခုသာ ဖြစ်လေသည်။ အကယ်၍ မင်းသမီး Huaining  မှာ သူမအတွက် အကြောင်းကိစ္စမရှိပဲ အခက်အခဲ ပြုလုပ်ခဲ့လျှင် အတင်းအဖျင်းများထွက်လာကာ Qi Yu မှာ အသေအချာပင် မျက်နှာ ပျက်ရလိမ့်မည်။

Gu Feiyan  မှာ အသက်ပြင်းပြင်း ရှူ၍ မင်းသမီး Huaining  အား လှပစွာ ပြုံးကာ ဒူးထောက်လိုက်သည်။  Gu Feiyan မှ သူမ၏ ထောင်ချောက်အတွင်း ကျဆင်းလာခြင်း မရှိသည်အားမြင်လျှင် မင်းသမီး Huaining ၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်နေတော့သည်။ သူမက စိတ်ဆိုးဒေါသထွက်နေသည်မှာ ရှင်းလင်းလှသည်။

အဲဒီကောင်မကြောင့် သူမက Qi Yu နဲ့ လက်ထပ်ဖို့ မပြောနဲ့ လူမြင်ကွင်းမှာတောင် နှစ်ယောက်တည်း နေလို့ မဖြစ်ဘူး။ အခု သူမက Cheng Yifei  ရဲ့ နေရာတောင် သွားကယ်ပြီး Qi yu ခေါင်းပေါ်မှာ ဦးထုတ်စိမ်းဆောင်းပေးနေတယ်။  သူမက သည်းခံနေတာကြာပြီ။ ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ သူမက သူ့ရဲ့ ဝန်ထုတ်ဝန်ပိုးကို အခုပဲ ရှင်းပစ်မယ်!!!!

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now