အခန်း(၂၁)

197 18 2
                                    

အခန်း(၂၁)

ထိမ်းမြားဖို့… ကျွန်မက လူရှားမနေဘူး။






Qi Fufang မှာ ဆက်၍ ကျိန်ဆဲချင်နေသော်လည်း Gu Feiyan မှ သူမအား အတင်းအကြပ် ဖြတ်ပြောလိုက်သည်။

သူမက အေးစက်စွာပြောလိုက်သည်။ “ကောင်းပြီ။ ရှင်တို့က စေ့စပ်ပွဲကို ဖျက်သိမ်းချင်ရင် ကိစ္စကို ပြောရအောင်။ ဒီည ရှင်တို့ ချီ မိသားစုက ရှင်တစ်ယောက်ပဲ ရှင့်မောင်ကို ကိုယ်စားပြုပြီး စေ့စပ်ပွဲကို အဆုံးသတ်ဖို့လာတာ ဟုတ်လား။"

Qi Fufang မှာ အလွန်အမင်း မထီမဲ့မြင်ပြုလိုက်သည်။ "ငါတို့က ဒီမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ လူကြီးမင်းကုအတွက် စဥ်းစားပေးပြီး ပုဂ္ဂိုလ်ရေးအရရောက်နေတာ။ နင်က ဘာများထပ်တောင်းချင်သေးလို့လဲ။"

Gu Feiyan မှာ ညင်သာစွာ ရယ်မောလိုက်သည်။ "ဆိုရိုးစကားတွေအတိုင်းဆို  မိဘ နှစ်ပါးလုံး ကွယ်လွန်ပြီးရင် အစ်မအကြီးဆုံးက အမေဖြစ်လာတယ်။ ချီယုကို အစ်မကြီးအဖြစ် စောင့်ရှောက်ဖို ခက်ခဲမှာပဲ။"

ထိုစကားများပြောပြီးသည်နှင့် Feng Hua ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ချီမောင်နှမများ မဆိုထားနှင့်  အကြီးအကဲကု နှင့် ဇနီးတို့ပင် တခဏတာမျှ မတုံ့ပြန်နိုင်ဘဲ အံ့ဩသွားကြသည်။ မိဘနှစ်ပါးလုံး ဆုံးပါးသွားကြပြီး အကြီးဆုံးသခင်မလေးက သူတို့အမေတဲ့လား။

Gu Feiyan ၊ ဒါ ... အဲဒါ ဘာကို ဆိုလိုတာလဲ။ သူမ ရုတ်​တရက်​ ဒီလိုစကား​တွေ ဘာလို့​ပြောတာလဲ။

Qi Fufang မှာ စဉ်းစားလိုက်ရင်း ရုတ်တရက် မီးပွင့်လာသော ယမ်းမှုန့်ကဲ့သို့ ပေါက်ကွဲသွားတော့သည်။ "Gu Feiyan.. နင်က ငါ့မိဘတွေကို ကျိန်ဆဲရဲတာလား.. နင်က သေချင်နေတာပဲ။"

Gu Feiyan မှ ကြောက်ရွံ့နေခြင်း မရှိပဲ အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ "စေ့စပ်ပွဲကိစ္စက မိဘတွေရဲ့ အမိန့်ပဲ။ ပြီးတော့ အောင်သွယ်တော်ရဲ့ စကားကလည်း အတူတူပါပဲ။ စေ့စပ်ပွဲ ဖျယ်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမိဘပဲ အသက်ရှင်နေသေးပါစေ တက်ရောက်ရမယ်။"

Qi Fufang  မှာ စကားမဆိုနိုင် ဖြစ်နေသော်လည်း Gu Feiyan မှာ အလေးအနက် မေးခွန်းထုတ်လိုက်သည်။ "မျိုးဆက်ရဲ့ အငယ်တန်းသခင်မလေးတစ်ယောက်က မောင်ဖြစ်သူကို စေ့စပ်ပွဲဖျက်ဖို့ ဒီကိုခေါ်လာခဲ့တယ်။ ရှင့်မိဘတွေ ကွယ်လွန်သွားပြီမလို့ မဟုတ်ဘူးလား။တခြားဘာဖြစ်နိုင်မှာလဲ။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now