အခန်း(၁၄)

205 23 0
                                    

အခန်း(၁၄)

လက်ပါတယ်။ တမင်လုပ်တာ။





Wen Yurou မဆိုထားနှင့် သူမ၏ ဘေးရှိ ဆေးဝါးမိန်းကလေးများပင်လျှင် Gu Feiyan ၏ အေးစက်သော အသံကြောင့် ထိတ်လန့်သွားသည်။ နူးညံ့သော လေသံဖြင့် စကားပြောဆိုသော ထိုနိမ့်ကျသည့် မိန်းကလေးမှာ ရုတ်တရက် မည့်သို့ ပြောင်းလဲသွားကြောင်း အံ့အားသင့်နေသည်။ Wen Yurou  မှာ Gu Feiyan  မှ ပြောင်းလဲသွားသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ ဂရုမစိုက်ပေ။ သူမက ကျော်ကြားသော မိသားစုမှဖြစ်ကာ တော်ဝင်ဆေးပေးခန်းတွင် မည်သူက သူမအား တားမြစ်ဝံ့မည်နည်း။ ဆေးမိန်းကလေးတစ်ယောက်မှ သူမအား ထိုကဲ့သို့ ခြိမ်းခြောက်နေခြင်းအား သည်းမခံနိုင်ပေ။

သူမက လက်အား မဖယ်ရုံသာမက Gu Feiyan ၏ နှာခေါင်းအားပင် လက်ချောင်းဖြင့် တောက်လိုက်သည်။ “ကောင်မစုတ် နင်က ခြိမ်းခြောက်…”

Wen Yurou  မှာ စကားမဆုံးခင် သူမ၏ အသံမှာ စူးရှသော အော်ဟစ်သံမှ အစားထိုးလာတော့သည်။ အကြောင်းမှာ Gu Feiyan  မှ သူမ၏ လက်ချောင်းအား ရိုက်ထုတ်လိုက်သောကြောင့်ပင်။

“အား… ငါ့လက်… မြန်မြန်.. တစ်ယောက်ယောက် တော်ဝင်သမားတော် ခေါ်ပေး မြန်မြန်။"

“Gu Feiyan  နင်ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်.. နင်က သေချင်နေတာပဲ။"

Wen Yurou  မှာ အော်လိုက်လျှင် အနီးပတ်ဝန်းကျင်မှာ အုတ်သော်သောင်းနင်း ဖြစ်သွားတော့သည်။  Gu Feiyan  မှာ နေရာတွင် ရပ်နေပြီး သူမ၏ အမူအရာမှာလည်း ပြောင်းလဲသွားခြင်း မရှိပဲ မျက်လုံးများမှာ အေးစက်နေသည်။ သူမ၏ အဆင့်အတန်းမှာ နိမ့်ကျသော်လည်း လက်ရှိ သူမအား လွှမ်းခြုံထားသော အရှိန်အဝါမှာ လူတိုင်းမှ သူမ၏ ဇစ်မြစ်အား မေ့လျော့ကာ ကြောက်ရွံ့သွားစေနိုင်သည်။ ပုံမှန်အားဖြင့် Wen Yurou  အား ကူညီရန် ပြေးလာကြသော မိန်းကလေးများမှာ ဤတစ်ကြိမ်တွင် Gu Feiyan ၏ အကြည့်ကြောင့် ထိတ်လန့်ကာ မည်သူမှ မလှုပ်ရှားဝံ့တော့ပေ။

တော်ဝင်သမားတော်မှ ရောက်မလာခင် အကြီးတန်း ဆေးဝါးပညာရှင်  Shangguan  Yinghong  မှ သတင်းကြားကာ အရင်ရောက်လာသည်။ အောက်ဆုံးမှ အထက်အထိ တော်ဝင်ဆေးပေးခန်း၌ ဆေးကျွန်၊ ဆေးဝါးမိန်းကလေး၊ ဆေးဝါးပညာရှင်၊ အကြီးတန်းဆေးဝါးပညာရှင်နှင့် ဆေးဝါးပညာရှင်ကြီးဟူ၍ အဆင့်သတ်မှတ်ထားသည်။ သူမက အသက်လေးဆယ်အရွယ်ထဲတွင် ဖြစ်ကာ ပါးနပ်ကောက်ကျစ်သော စိတ်ထားဖြင့် အာဏာရှိသူများအား မျက်နှာသာပေးကာ ဆေးပေးခန်းမှ စစ်သူကြီးအဆင့်ရှိသူဖြစ်သည်။ သူမ၏ အဓိကတာဝန်များမှာ ဆေးဝါးပညာရှင်ကြီးအား ကူညီပေးရကာ အလွန်အာဏာရှိပြီး တော်ဝင်ဆေးပေးခန်း၏ ဘဏ္ဍာထိန်းဟုပင် ခေါ်ကြသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now