အခန်း(၂၅)

144 21 2
                                    

အခန်း(၂၅)

ထိုင်လေ။




Cheng Yifei  မှာ  သတိအနည်းငယ်ရှိနေဦးမည်ဟု  Gu Feiyan  မှာ မထင်မှတ်ထားခဲ့ပေ။

ဆိုတော့.. ဘာဖြစ်လဲ။ သူမက ဆေးညွှန်းကို တော်ဝင်သမားတော်ဆုရဲ့ ဆေးအိတ်ထဲထည့်ခဲ့တယ်။ ဒါက ဘာကိုမှ မဆိုလိုနိုင်ဘူးလေ… ဟုတ်တယ်မလား။

သူမက ကောင်းမှုနှင့် ကျော်ကြားခြင်းမှ ပုန်းရှောင်လိုသော လူကောင်းလေးတစ်ယောက်ဖြစ်ချင်ရုံပင်။ ပွင့်လင်းစွာဆိုရလျှင် သူမက အမုန်းခံရရန် ကိုယ့်ကိုကိုယ် မဖော်ထုတ်လိုပေ။ သူမက Cheng Yifei  အား စုံစမ်းစစ်ဆေးခြင်း ပြုလုပ်ရန် လျှို့ဝှက်စွာ သတိပေးလိုခြင်းသာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမအား အပြစ်ပုံချလိုသော တရားခံအားလည်း အပြစ်ပေးနိုင်မည်။ သူမကိုယ်သူမ ရောင်းထုတ်ရန်လည်း မလိုအပ်ပေ။

Gu Feiyan  မှာ အချိန်ခဏကြာ စဥ်းစားနေပြီးနောက် အလင်းပေါက်သွားသကဲ့သို့ ဟန်ဆောင်လိုက်သည်။ “အိုး.. ကျွန်မမှတ်မိပြီ။ ဒီဆေးညွှန်းက တော်ဝင်သမားတော်ဆု ရေးပေးတာ ဖြစ်လိမ့်မယ်။ ကျွန်မက တပ်ကို ပို့ပေးဖို့ အဲ့ဒီနေ့က အမိန့်ရခဲ့တာ။ ဟီး ..ဟီး အခု ကျွန်မ မှတ်မိပြီ။"

Cheng Yifei  မှာ အတော်လေး ကျေနပ်သွားသော်လည်း  Gu Feiyan  မှ ထပ်မံ ပြောလိုက်သော စကားများကြောင့် စိတ်ရှည်မှု ပျောက်ဆုံးသွားတော့သည်။

“စစ်သူကြီးချန်.. ရှင်က ဒီလို ပထမအဆင့် ဆေးညွှန်းကို လျှောက်ပစ်ပေးနေလို့ မဖြစ်ဘူး။ အဲ့ဒီနေ့က ရှင့်ရဲ့ သွေးခုန်နှုန်းကို တော်ဝင်သမားတော်ဆုက စစ်ဆေးနေတာ မြင်တော့ ကျွန်မက သူ့ကို မနှောင့်ယှက်ဝံ့တာမလို့ သူ့ရဲ့ ဆေးသေတ္တာထဲ ထည့်ပေးလိုက်တာ။"

Gu Feiyan  မှာ သိချင်ဟန်ဆောင်ကာ မေးလိုက်သည်။ “ ကျွန်မက လျှို့ဝှက်ပြီး ထည့်တယ်လို့ ရှင်က ဘာလို့ စဥ်းစားရတာလဲ။ ဒါက တော်ဝင်သမားတော်ဆုရဲ့ ဆေးညွှန်းပဲ.. ကျွန်မက လျှို့ဝှက်ပြီး ပေးစရာ လိုလို့လား။”

“မင်း….”

Cheng Yifei  မှာ စိတ်ရှည်မှု ပျောက်ဆုံးလုနီးပါးဖြစ်နေကာ ရုတ်တရက် Gu Feiyan ၏ မေးစေ့အား ပင့်လိုက်ပြီးနောက် မျက်လုံးများမှာ အန္တရယ်အလင်းတန်းများ တောက်ပနေတော့သည်။ “ဆေးမိန်းကလေးငယ်လေး  ဒီစစ်သူကြီးက မင်းကို နောက်ထပ် အခွင့်အရေးပေးမယ်။ ဖြေပေး… မင်းက လျှို့ဝှက်ပြီးထည့်လိုက်တာလား။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now