အခန်း(၇၃)

88 14 6
                                    

အခန်း(၇၃)

စိတ်ဖိစီးခြင်း။ လမ်းတွင် ပြန်ပေးဆွဲခံရခြင်း။




Jun Jiuchen မှာ Gu Feiyan ၏ရှေ့မှောက်သို့ ရောက်ရှိလုနီးပါးဖြစ်နေချိန်မှ သူမ သတိထားမိလေသည်။ Jun Jiuchen မှာ သုန်မှုန်နေလျှင်တောင် ယခင်အတိုင်းပင် ချောမောကာ ကြည့်ကောင်းနေဆဲဖြစ်ကြောင်း သူမ ဝန်ခံရမည်ပင်။ မျက်လုံးတွင် ကြည်နူးစေကာ ၃၆၀ဒီဂရီလုံး ချိုးယွင်းချက် မရှိဟုဆိုရပေမည်။

Gu Feiyan မှာ ဆေးဝါးပညာရှင်ကျန်း၏ သေဆုံးမှုနှင့် ပတ်သက်၍ သံသယပွားရန် သံပူနေသေးစဉ် မေးခွန်းထုတ်ချင်နေသည်။ သို့တိုင် သူမ ပါးစပ်မဖွင့်နိုင်ခင် ပထမမင်းသား Jun Yaosheng မှာ Jun Jiuchen ၏ နောက်မှ လိုက်လာပြီး အပြုံးဖြင့် ပြောလာလေသည်။ “သာမာန် ဆေးမိန်းကလေးတစ်ယောက်က ဆေးဝါးပညာရှင်ကြီးတောင် မစွမ်းဆောင်နိုင်တဲ့ ကိစ္စကို ဒီလို စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး။ ကျင်းဝမ် မင်းရဲ့ အရည်အချင်းတွေကို ရှာတွေ့နိုင်တဲ့ ဒီစွမ်းရည်ကို ဘယ်တော့ သင်ပေးမလဲ။"

Jun Yaosheng မှာ ပြုံးနေသည့် ကျားတစ်ကောင်ပင်။ အပေါ်ယံတွင် သူက ယဉ်ကျေးပြီး ကျင်းဝမ်အား မြှောက်ပင့်နေသော်လည်း လက်တွေ့မှာတော့ သူက နှလုံးသားတွင်း၌ မနာလို မုန်းတီးနေသည်။ အကယ်၍ ကျင်းဝမ်မှ ပြန်ရောက်လာခြင်း မရှိလျှင် အိမ်ရှေ့စံမှာ သူ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

Jun Jiuchen မှာ အေးစက်စွာပြန်ပြောလိုက်လေသည်။ "တချီဘုရားကျောင်းရဲ့ နိမိတ်ဖတ်တာက ဘယ်တုန်းကမှ မမှားနိုင်ဘူး။ "

Jun Yaosheng မှာ  Gu Feiyan ထံ ကြည့်ကာ သူမအား အရည်အချင်းရှိသူတစ်ဦးအဖြစ် အမှန်တကယ် သတ်မှတ်ခြင်း မရှိပေ။ သူက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်ပြီး လေးနက်လာသည်။ “ကျင်းဝမ်၊ ချီမိသားစုရဲ့ကိစ္စက ကိစ္စကြီးဖြစ်ပြီး နှောင့်နှေးမနေသင့်ဘူး။ နန်းတော်ကို အမြန်ပြန်ပြီး ခမည်းတော်နဲ့ ဆွေးနွေးဖို့ အရာရှိအားလုံးကို စုစည်းသင့်တယ်။"

Jun Yaosheng မှာ ဧကရာဇ်ထံသို့ Jun Jiuchen မှ တစ်ယောက်တည်း သွားလျှင် မင်းသမီး Huaining အား တိုင်တန်းမည်အား စိုးရိမ်နေသည်။  ထို့အပြင် သူက အဖေဖြစ်သူကို နောက်ဆုံးတွေ့ဆုံခဲ့ရသည်မှာ အတော်ကြာနေပြီပင်။ အဖေဖြစ်သူ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ကောလဟာလ အများအပြားရှိနေသော်လည်း ကျင်းဝမ်မှ သတင်းကို ဖုံးကွယ်ထားခဲ့သည်။ သူက ဤအခွင့်အရေးကို အရယူကာ စုံစမ်းရန် သဘာဝကျကျ အသုံးချချင်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now