အခန်း(၇၂)

95 13 2
                                    

အခန်း(၇၂)

တုနှိုင်းမရသော အမုန်းတရား။








Jun Yaosheng မှာ အသက်သုံးဆယ်နီးပါးရှိနေပြီဖြစ်သည်။ သူသည် ရဲရင့်ပြီး မြင့်မြတ်သူတစ်ဦးဖြစ်ပြီး သူ၏တည်ဆောက်ပုံမှာ မြင့်မားပြီး ကြံ့ခိုင်သည်။ သူက ဝင်လာသည်နှင့် အရာရှိသူများ အားလုံး မတ်တပ်ရပ်၍ အရိုအသေပေးလိုက်ကြသည်။ Jun Jiuchen ပင် မတ်တပ်ထရပ်လိုက်သည်။

၎င်းကိုမြင်လျှင် Gu Feiyan မှာ သူမ၏ ခြေထောက်မှ နာကျင်မှုကို သည်းခံ၍ မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်သည်။

Jun Jiuchen မှာ မတ်တပ်ရပ်လိုက်သည့်တိုင် များစွာယဉ်ကျေးနေခြင်း မရှိပေ။ သူက “အစ်ကိုတော်” ဟူ၍ အေးစက်စွာသာ ခေါ်လိုက်ပြီး တစ်ယောက်ထံ ကုလားထိုင်ကို ယူလာခိုင်းသည်။ Jun Yaosheng  မှာ အလွန်ယဉ်ကျေးနေကာ Jun Jiuchen ကို ဦးစွာထိုင်ရန် အချက်ပြလိုက်သည်။ Jun Jiuchen  မှာ အမှန်တကယ် ထိုင်လိုက်ကာ လူတိုင်းအား သူ၏ကိုယ်စား ထိုင်ရန် ပြောလိုက်သည်။

Gu Feiyan မှာ ထိုင်ရရန် မစောင့်နိုင်တော့ပေ။ သူမ၏ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိသည်။ ကျင်းဝမ်မှာ အမှန်ပင် အလေးစားခံရဆုံးဖြစ်သည်။ ပထမမင်းသားမှာ အစ်ကိုကြီးဖြစ်သည့်တိုင် သူ့ကို မျက်နှာသာပေးချင်နေသည်မှာ ထင်ရှားလှသည်။
Gu Feiyan မှာ ပထမမင်းသားအပါအဝင် မင်းသားအားလုံးကို သိထားသည်။

တော်ဝင်မိသားစု၏ အကြီးဆုံးသားတော်ဖြစ်သည့် Jun Yaosheng မှာ အိမ်ရှေ့စံဖြစ်လာရန် အသင့်တော်ဆုံးဖြစ်သင့်သည်။ ကံမကောင်းစွာပဲ၊ သူက ပထမဇနီးမှ မမွေးဖွားခဲ့ပေ။ သူနှင့် မင်းသမီး Huaining ၏ မူဖေး(မယ်တော်)၊ ယွင်ကွေ့ဖေး(မြင့်မြတ်သော ကြင်ယာတော်ယွင်) Ji Yunzhi မှာ အလွန်နိမ့်ကျသော နောက်ခံမှ လာခဲ့သည်။

ဧကရာဇ် Jun Xingkun မှာ ကိုယ်တိုင် ဧကရာဇ်အဖြစ် မကြေငြာရသေးပဲ ထျန်းယန်အား ထူထောင်ခြင်း မပြုရသေးမီအချိန်တွင် ယွင်ကွေ့ဖေးမှာ ကိုယ်ရေးကိုယ်တာ အစေခံတစ်ဦးမျှသာဖြစ်သည်။ Jun Yaosheng ကို မွေးဖွားပြီးနောက် ကိုယ်လုပ်တော်အဖြစ် ခေါ်ယူခံရကာ နောက်ပိုင်းတွင် မင်းသမီး Huaining ကို မွေးဖွားခဲ့သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now