အခန်း(၆၇)

87 9 4
                                    

အခန်း(၆၇)

ဘယ်လိုတောင် ဇာတ်လမ်းခင်းနေတာလဲ။





မကြာခင် Chen Sanyuan ကို အစောင့်များမှ တရားရုံးသို့ ခေါ်လာပြီး ဒူးထောက်ခိုင်းလိုက်သည်။

"ဆေးလုပ်သား၊ Chen Sanyuan က အရှင့်သား ကျင်းဝမ်ကို ဂါရဝပြုပါတယ်။"

သူက ဆေးလုပ်သား အပေါ်အင်္ကျီကို ၀တ်ဆင်ထားဆဲဖြစ်ပြီး  ကျိုးနွံကာ ရှက်ရွံ့ပုံပေါ်သည်။ ဦးညွှတ်ရင်း သူက  Qi Fufang ကို တစ်ချက် ခိုးကြည့်လိုက်သည်။

သူက ဤအပြုအမူကို လျှို့ဝှက်စွာလုပ်ဆောင်ခဲ့သော်လည်း ရှိနေသည့်လူတိုင်းမှာ မြင်လိုက်ရလေသည်။ အသံမထွက်ပဲ သူ့ကို စိုက်ကြည့်နေရင်း Gu Feiyan ၏ မျက်လုံးများတွင် သံသယများဖြင့် တောက်ပလာတော့သည်။

Jun Jiuchen မှာ အလွန်တည့်တိုးဆန်လှသည်။ "Chen Sanyuan၊ မင်းရဲ့ သက်သေခံချက်ကို နောက်တစ်ခါ ထပ်ပြောချေ။"

ထိုမှသာ Chen Sanyuan မှာ ခေါင်းကို မော့လာသော်လည်း Qi Fufang ထံ မဝံ့မရဲ ကြည့်နေပြန်သည်။ သူက မည်သည့်အကြောင်းအရာမှ ပြန်မဖြေသည့်တိုင် Qi Fufang ဖြင့် ခပ်ခွာခွာနေချင်သကဲ့သို့ ထိတ်လန့်သောအကြည့်ဖြင့် ဘေးသို့ ရွေ့လိုက်လေသည်။

ထိုကဲ့သို့ သိသာထင်ရှားသော လုပ်ဆောင်ချက်ဖြင့် သူနှင့် Qi Fufang ကြားတွင် ပြသနာကြီးကြီးမားမားရှိနေကြောင်း မည်သူမဆို ပြောပြနိုင်လိမ့်မည်ပင်။ သူက Qi Fufang ကို အလွန်ကြောက်ရွံ့နေသည်။

Qi Fufang မှာ ဒေါသထွက်သွားတော့သည်။ သူမ ရှင်းပြချင်သော်လည်း သံသယများ ပို၍ဆွဲငင်မိသွားမည်ကို ကြောက်ရွံ့နေပြန်သည်။

Jun Jiuchen မှာ ထပ်ပြောလိုက်သည်။ "Chen Sanyuan၊ မင်းကြောက်စရာမလိုဘူး။ မင်းရဲ့ဝန်ခံချက်ကို ထပ်ပြော။"

Chen Sanyuan မှာ ခေါင်းကို ထပ်မံ မော့လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ သူက Qi Yu ထံ လှမ်းကြည့်လိုက်သည်။ သို့တိုင် သူက တစ်ချက်ကြည့်ပြီးသည်နှင့် မဝံ့မရဲဖြင့် အကြည့်လွှဲသွားလေသည်။ သူ၏ ခန္ဓာကိုယ်မှာ ကျုံ့သွားပြီး ပိုလို့တောင် ကြောက်နေဟန်တူသည်။

'နှုတ်ဆိတ်ခြင်းက စကားလုံးများထက် ပိုအဓိပ္ပာယ်ရှိသော အခိုက်အတန့်' ဟူမှာ အဘယ်သို့ ဖြစ်မည်လဲ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now