အခန်း(၈)

228 21 0
                                    

အခန်း(၈)

ဘယ်လိုဖြစ်နိုင်မှာလဲ။






သားဖြစ်သူမှ ဆေးသောက်နေသည်အား မြင်လျှင် သခင်မလင်းမှာ Gu Feiyan အား နောက်ဆုံးတွင် ယုံကြည်လာသည်။ သူမက နှိုင်းပြ၍ မရအောင် ပျော်ရွှင်နေသည်။ "ဆေးမိန်းကလေး..."

"မနှောင့်ယှက်ပါနဲ့..”

Gu Feiyan ၏အသံမှာ ပြင်းထန်ကာ အနှောင့်အယှက်အား ငြင်းဆန်လိုက်သည်။ စစ်သူကြီး Cheng ၏ လက်ရှိအခြေအနေတွင် သူက နှာစေးချောင်းဆိုးရန်ပင် ခွန်အားပင်မရှိပဲ သီး၍ပင် သေဆုံးသွားနိုင်သည်။ သူမက အလွန်သတိထားနေရသည်။

သခင်မ Lin မှာ ရိုသေလေးစားဖွယ် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ယခင်ကလည်း ဤမျှလောက် ကြမ်းတမ်းမှုမျိုး တစ်ခါမှ မရှိခဲ့ပေ။ သို့သော်လည်း သူမက အမှန်တကယ်ပင် ပါးစပ် ပိတ်ထားကာ ပတ်ဝန်းကျင်ရှိလူတိုင်းအားပင် တိတ်ဆိတ်နေရန် အချက်ပြလိုက်သည်။

တိတ်ဆိတ်နေသည့်ကြားတွင် Gu Feiyan မှာ တစ်ဇွန်းပြီးတစ်ဇွန်း တိုက်ကျွေးနေသည်။သူမ၏အပြောအဆိုမှာ အာရုံစူးစိုက်မှုရှိပြီး  နည်းစနစ်များအား ကျွမ်းကျင်မှုရှိနေသည်။ သူမက ဆေးဝါးမိန်းကလေးတစ်ဦးနှင့် လုံးဝမတူပဲ အတွေ့အကြုံရှိ၍ ကျွမ်းကျင်သော အကြီးတန်း ဆေးဝါးပညာရှင်နှင့် ပိုတူလေသည်။

သူမအား ပိုကြည့်လေ၊ သူမက သာမန်မဟုတ်ဟု ပိုခံစားရလေဖြစ်သည်။ တဖြည်းဖြည်းနှင့် သူမအတွက် သူတို့၏ အထင်အမြင်သေးမှု ပျောက်ကွယ်သွားကာ လေးစားမှုတို့ဖြင့် အစားထိုးလာသည်။ တော်ဝင်ဆေးပေးခန်းတွင် အရည်အချင်းရှိသူများ အများအပြားရှိကြောင်းကို သိရှိခဲ့ရသော်လည်း Gu Feiyan ကဲ့သို့ စွမ်းရည်ရှိသော အမျိုးသမီးမှာ အနည်းငယ်မျှသာ ရှိလေသည်။

ဆေးကုသခြင်းသည် ဘဝအတွက်ဖြစ်ကာ ဆေးဝါးသည် ဘဝနှင့်ပတ်သက်နေသည်။ အများစုမှာ သမားတော်တစ်ယောက်ဖြစ်ရန် စွမ်းရည်သာမက သတ္တိလည်း လိုအပ်သည်။ ဆေးဝါးပညာရှင် သို့မဟုတ် အဆင့်မြင့်မားသော ဆေးဝါးပညာရှင်ပင်လျှင် ယနေ့ကဲ့သို့ အရေးပေါ်အခြေအနေမျိုးတွင် ဤမျှလောက် ပြတ်ပြတ်သားသား မဆုံးဖြတ်ဝံ့ဘဲ Gu Feiyan ကဲ့သို့ လူမျိုးမှာ အလွန်နည်းပါးလှသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now