အခန်း(၆၀)

96 10 0
                                    

အခန်း(၆၀)

မထင်မှတ်ထားသော။





စစ်သူကြီးချီမှာ လျှိုသန်လျှူရှန် ကဲ့သို့သောအရာကို ယနေ့မှပင် ကြားဖူးခြင်း ဖြစ်သည်။ ဤကိစ္စ၏ နောက်ကွယ်တွင် သမီးဖြစ်သူကို အကြံပေးနေသည့် တစ်စုံတစ်ယောက်ရှိနိုင်မှန်း သူက သေချာနေသည်။ ဒေါသူပုန်ထနေသော စစ်သူကြီးချီကို ရင်ဆိုင်ရလျှင် မင်းသမီး Huaining မှာ အမှန်တရားကို ထုတ်ပြောရန် မဆိုထားနှင့် ခေါင်းပင်မမော့ဝံ့တော့ပေ။

တကယ်တော့ အစ်မ Fufang မှာ Gu Feiyan မှ ကျင်းဝမ်အိမ်တော်တွင် ရောက်နေပြီး သူမကို ထောင်ချောက်ဆင်နိုင်ကြောင်း သတိပေးခဲ့သည်။ ဘယ်လိုလုပ်ရမလဲ ဆိုသည်မှာတော့ သူမ၏ အကြံဥာဏ်ပင်။ အစ်မ Fufang မှာ သူမအတွက် ဆေးထုတ်သမားကို လာဘ်ထိုးရန် ကူညီရာတွင်သာ ရှေ့ထွက်လာခဲ့သည်။

"ဟုတ်တယ်၊ အဲဒါက တော်ဝင်ဆေးပေးခန်းက ဆေးဝါးပညာရှင် Jian ပါ။ သူက အစ်မ Fufang ကို ဆေးဖက်ဝင် ဟင်းလျာအတွက် ဆေးညွှန်းအကြောင်း ပြောပြခဲ့ပြီး လျှိုသန်လျှူရှန်ကို အကြံပြုပေးခဲ့တာ။ အဲ့တာက ဂျင်ဆင်းနဲ့ တစ်ပုံစံတည်း တူပြီး အလားတူ ထိရောက်မှုလည်း ရှိပါတယ်။ ဒါပေမယ့် စားပြီးရင် လက်တွေ ယားယံလာပြီး နေ့တစ်ဝက်လောက်ကြာရင်တော့ သက်သာသွားမှာပါ ကြီးကြီးမားမား ပြသနာတွေ မရှိပါဘူး။"

၎င်းကိုကြားလျှင်တော့ စစ်သူကြီးချီနှင့် Qi Yu မှာ သက်ပြင်းတစ်ချက်ချလိုက်သည်။ လဲလှယ်ထားသော ဆေးဖက်ဝင်ပစ္စည်းများမှာ ကျင်းဝမ်ကို မထိခိုက်စေသရွေ့၊ အနည်းဆုံးတော့ ယင်းကိစ္စမှာ ပြုပြင်၍မရနိုင်လောက်အောင် မပြင်းထန်သေးပေ။ ထို့နောက် ချီမိသားစုကို များစွာထိခိုက်မည် မဟုတ်ပေ။

မင်းသမီး Huaining မှာ စစ်သူကြီးချီ နှင့် Qi Yu တို့အား လျှို့ဝှက်စွာ ခိုးကြည့်ကာ သူမအပေါ် သံသယမဝင်သည်ကို မြင်လျှင် ထပ်ပြောလိုက်သည်။ " အစ်မ Fufangက ဆေးလုပ်သားနှစ်ဦးကို လာဘ်ထိုးခဲ့တယ်။ တစ်ယောက်က ပို့ဆောင်ရေးရုံးက Chen Sanyuan ၊ နောက်တစ်ယောက်က Li Gecun ။  Chen Sanyuan က Gu Feiyan ရဲ့ နာမည်ကို အရင်ထုတ်ပြောပြီး Li Gecun ကို သက်သေခံခိုင်းဖို့ အစ်မ Fufang နဲ့ သဘောတူခဲ့တယ်။ အဲ့ဒီ Chen Sanyuan က တကယ့်ကို ယုတ်မာမယ်လို ဘယ်သူသိမှာလဲ။ သူက အစ်မ Fufang ဆီက ပိုက်ဆံအများကြီးယူခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမကို သစ္စာဖောက်သွားတယ်။ "

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now