အခန်း(၆၅)

86 12 4
                                    

WARNING
---------------
ညှင်းပန်းစစ်ဆေးသည့် အခန်းများပါဝင်သည်။

--------------

အခန်း(၆၅)

ပျော်ရွှင်မှု၏ မျက်ရည်။





Gu Feiyan မှာ ဖော်ပြ၍မရသော ဝေဒနာကို ခံစားနေရသော်လည်း  မင်းသမီး Huaining ကို ဆက်လက် ရန်စလိုက်ဆဲပင်။ “ကြည့်ရတာ နေရာမှန်ကို ထိသွားပုံပဲ။”

မင်းသမီး Huaining မှာ ရူးတော့မည့်အတိုင်းပင်။ သူမ အစေခံထံ အကူအညီတောင်းကာ ကြိုးကို အစွမ်းကုန် ဆွဲလိုက်လေသည်။

Gu Feiyan မှာ စကားတစ်ခွန်းမှ မပြောနိုင်ဘဲ နာကျင်မှုကြောင့် ချွေးအေးများထွက်လာတော့သည်။

မင်းသမီး Huaining မှ သူမ၏လက်ချောင်း အရိုးများ ချိုးရန် စောင့်ဆိုင်းရင်း အံကြိတ်ကာ တိတ်ဆိတ်စွာ တောင့်ခံနေသည်။ အရိုးကျိုးသွားသည်နှင့် ဆက်လက်လုပ်ဆောင်ပါက ဒဏ်ရာရှိလာမည်ဖြစ်သည်။ ထိုအချိန်တွင် မင်းသမီး Huaining မှာ ရပ်တန့်ရပေလိမ့်မည်။

Gu Feiyan မှာ အနာကျင်ဆုံးအခိုက်အတန့်ကို စောင့်မျှော်ရင်း မျက်လုံးမှိတ်ထားသည်။

သို့သော် အစောင့်များထဲမှတစ်ယောက်မှာ မင်းသမီး Huaining ကို အချိန်မီသတိပေးလိုက်လေသည်။ " မင်းသမီး၊ ဆက်လုပ်ရင် ဒဏ်ရာရသွားလိမ့်မယ်။ ဒီလောက်အလျင်မလိုပါနဲ့။"

မင်းသမီး Huaining မှာ သူမ၏ဒေါသမှ သတိပြန်ဝင်လာပြီး ကြိုးကို အလျင်အမြန် လွှင့်ပစ်လိုက်သည်။
Gu Feiyan ၏လက်ချောင်းအရိုးများကို ချိုးရန် မဆိုထားနှင့် သူမတွင် Gu Feiyan ကိုသတ်ရန် နှလုံးသားပင်ရှိသေးသည်။ သို့သော် ဤအချိန်မှာ ယခင်နှင့်မတူပေ။ သူမက တရားရေးရုံးများတွင် လူများကို မသတ်နိုင်သည့်အပြင်၊ ထို့ထက်ပင် ဤအမှုတွင် မည်သည့်အထောက်အထားမျှ ချန်ထားခဲ့၍ မဖြစ်နိုင်ပေ။ သူမ Gu Feiyan အား အရှင်ကျန်းထံ အပြစ်ရှိကြောင်း ဝန်ခံစေပြီး အစ်ကိုတော် ကျင်းဝမ်မှ မြို့တော်သို့ ပြန်ရောက်မလာမီ ဤအမှုကို အဆုံးသတ်ရန် ဖိအားပေးရမည်။

မည်သို့ပင်ဆိုစေကာမူ လျှိုသန်လျှူရှန်မှာ အသက်အန္တရာယ်ရှိသော ပါဝင်ပစ္စည်းမဟုတ်ပေ။ အစ်ကိုတော်ကျင်းဝမ်မှ ဤကိစ္စကို လိုက်လျှောက်မည်ဆိုလျှင် သူမ ခမည်းတော်ထံ သွားရှာပြီး သူ့အပေါ် ချွဲ့နွဲ့လိုက်မည်။ ခမည်းတော်မှ သူမကို ကာကွယ်ပေးထားသောကြောင့် အစ်ကိုတော်ကျင်းဝမ်မှာ ဆေးမိန်းကလေးတစ်ယောက်အတွက် သူမကို တိုက်ခိုက်မည်ဟု မယုံပေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Donde viven las historias. Descúbrelo ahora