အခန်း(၂၇)

141 14 6
                                    

အခန်း(၂၇)

သူ မလုပ်နိုင်ဘူး။




ကျင်းဝမ်အား တွေ့နိုင်ရန် မလွယ်ကူပေ ။

ကျင်းဝမ်မှာ ကံတရားမျှော်စင်မှ ဟင်းပွဲများအား နှစ်သက်ကာ မကြာခဏ လာလေ့ရှိသည်ဟု လူများက ပြောကြသည်။ သို့တိုင် သူ့အား အမှန်တကယ်မြင်ရကာ သတိပြုမိသူမှာ  အနည်းငယ်သာ ရှိလေသည်။

Cheng Yifei မှာ ကျင်းဝမ်အား မတွေ့ရသည့်မှာသုံးလနီးပါးရှိပြီဖြစ်၍  အံ့သြဝမ်းသာသွားတော့သည်။ ထျန်းယန် တစ်ပြည်လုံးတွင် သူက  အမှန်တကယ်လေးစားသူမှာ ကျင်းဝန်တစ်ယောက်သာရှိသည်။

သူက Gu Feiyan အား ချပေးကာ အရိုအသေပေးရန် ပြင်လိုက်စဥ် ကျင်းဝမ်မှာ သူ့အား အဓိပ္ပါယ်များဖြင့် တစ်ချက် ကြည့်လာသည်အား တွေ့လိုက်ရသည်။ ထိုတွင်တော့ နေရာတွင်  သူက လူများစွာရှိနေကြောင်း သတိရသွားတော့သည်။ ကျင်းဝမ်မှာ သူက မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်လိုခြင်း မရှိပေ။ သူက ပတ်ဝန်းကျင်ရှိ လူများအား ကြည့်ကာ ရယ်မောလိုက်သည်။ သူနှင့် Gu Feiyan မှာ အလင်းရောင်ကို ခိုးယူခြင်းမရှိလျှင် ကျင်းဝမ်၏ မြင့်မြတ်သော အမူအရာမှာ လူစုလူဝေးထဲတွင် ပေါ့ပေါ့ပါးပါးရပ်နေရုံဖြင့်ပင် လူတိုင်း၏အာရုံအား ဆွဲဆောင်မိနိုင်သည်။

ထုံးတမ်းအတိုင်း အရိုအသေ မပေးနိုင်သဖြင့် Cheng Yifei မှာ သူ၏ခြေထောက်များ နေရာတွင် အစားထိုးရန် လက်များအား တိတ်တဆိတ်အသုံးပြုကာ ဒူးထောက်သည့်အမူအရာပြုလုပ်လိုက်သည်။

သို့သော် Jun Jiuchen မှာ သူ့ထံတွင် အာရုံမရှိပေ။သူက လမ်းလျှောက်လာရင်း သူ(ချန်ယိဖေး)၏ နောက်ကျောတွင် သယ်လာသော Gu Feiyan အား စိုက်ကြည့်နေလေသည်။ နားမလည်နိုင်သော အကြောင်းပြချက်အချို့ကြောင့် Cheng Yifei မှာ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရတော့သည်။

Jun Jiuchen မှာ Gu Feiyan အား စိုက်ကြည့်နေသော်လည်း  မည်သည့်ကိစ္စမှမဖြစ်ခဲ့သကဲ့သို့ လမ်းလျှောက်ခြင်းအားလည်း မရပ်တန့်ပေ။ သူက Cheng Yifei အား ကျော်သွားကာ လှေကားမှ ပေါ့ပါးစွာ တက်သွားလျှင် သူက ဘာလုပ်နေလဲဆိုခြင်းအား  မည်သူမှ မမြင်နိုင်တော့ချေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now