အခန်း(၇)

237 26 2
                                    

အခန်း(၇)

ဆေးတိုက်ကျွေးခြင်း။






ဥပမာအားဖြင့်၊ တော်ဝင်သမားတော်ဆုမှပေးသော ပထမဆေးညွှန်းတွင် မည်သည့်ဆေးပစ္စည်း ပြောင်းလဲမှုမှန်သမျှမှာ ခန္ဓာကိုယ်တစ်ခုလုံးအား သက်ရောက် ထိခိုက်စေနိုင်သည်။ လူနာ၏အခြေအနေနှင့်တွဲ၍ လိုအပ်သောဆေးဝါးကို ပြောင်းလဲရန် လိုအပ်သည်။ကဏ္ဍပေါင်းစုံအား ထည့်သွင်းစဉ်းစားရန်မှာ ခက်ခဲသောအလုပ်ဟု ဆိုနိုင်သည်။ သို့သော်၊ Gu Feiyan အတွက် သူမလက်ထဲတွင် ဆေးဘုရင်၏ ဆေးအိုးနှင့်၊ ဤအရာမှာ အလွန်ရိုးရှင်းသော ကိစ္စဖြစ်နေဆဲဖြစ်သည်။ တော်ဝင်သမားတော်ဆု၏ ရောဂါရှာဖွေတွေ့ရှိမှုအပြင် ဆေးစာမှ အခြားဆေးဖက်ဝင်ပစ္စည်းများအားလုံးကို ပေါင်းစပ်ကာ အစားထိုးထားသော ပါဝင်ပစ္စည်းမှာ စမုန်နက်ပင်ဖြစ်ကြောင်း သူမက လျင်မြန်စွာ ဆုံးဖြတ်နိုင့သည်။

Gu Feiyan အား ထောက်ပို့စခန်းသို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။ သူမအား အထူးကြပ်မတ်ကွပ်ကဲသော စစ်သားများရှိနေသော်လည်း သူမက ရှားဆုကျီအား ဆေးအိုးသေးသေးလေးထဲကို လျှို့ဝှက်စွာ ထည့်ထားပြီး စမုန်နက်ပင်အား ထုတ်ကာ ဆေးအိတ်ထဲတွင် ထည့်လိုက်သည်။

သခင်မလင်းမှာ ဆေးကျိုနေစဉ် တစ်စုံတစ်ယောက်အား စေလွှတ်ကာ  လေးငါးကြိမ်တိုင်တိုင် တိုက်တွန်းနေ ခဲ့သည်။ Gu Feiyan မှာလည်း မြန်မြန်ပြီးဆုံးချင်သည်။ သူမက ဆေးအားလုံး အိုးထဲသို့ သိမ်းထည့်လိုက်ပြီး အမြန်ကျိုရန် နတ်ဘုရားမီးတောက်အား အသုံးပြုလိုသည်။ သို့သော် လက်ရှိအခြေအနေမှာ သူမက ဆေးအိုးလေးအား ဖော်ထုတ်ရန်မဖြစ်နိုင်သောကြောင့် သာမာန်အပူလျော့သောနည်းအား အသုံးပြုကာ ဆေး၏အနှစ်သာရအား ထုတ်ယူလိုက်သည်။

Gu Feiyan မှာ ဆေးအား စခန်းသို့ ပြန်ယူလာသောအခါ ထိတ်လန့်သွားသည်။ စစ်သူကြီးCheng မှာ သူမမျှော်လင့်ထားသည်ထက် အခြေအနေပိုဆိုးလာမည်ဟု မထင်ထားခဲ့ပေ။

စစ်သူကြီး Cheng က တကယ်သေသွားပြီလား။ သူက သွေးအန်ရန်ပင် ခွန်အားမရှိတော့ပေ။ သခင်မလင်း၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသော သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သေလုမျောပါးဖြင့် မျက်လုံးများမှိတ်ထားသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now