အခန်း(၄)

267 23 0
                                    

အခန်း(၄)

အရေးပေါ် အခြေအနေ။





Gu Feiyan  မှာ ၎င်းအား စဥ်းစားမိလျှင်တောင်မှ အမှန်တရားအား အဖြေထုတ်နိုင်မည် မဟုတ်ပေ။ သူမက မြင်းလှည်းအားလည်း ပြန်လှည့်မကြည့်ဝံ့ပေ။ ထိုအစား သူမက မူလပိုင်ရှင်၏ ကိုယ်အား ဆွဲကာ ထွက်ပြေးလိုက်တော့သည်။ သူမက စစ်သူကြီးငယ်Cheng ၏ အသက်အတွက် သာမက သူမ၏ အသက်အတွက်လည်း  အချိန်နှင့် အသက်အား တိုက်ခိုက်နေရသည်။

Cheng မိသားစုမြင်းတပ်မှာ ထျန်းယန်တိုင်းပြည်၏ ဝှက်ဖဲတစ်ချက်ဖြစ်ကာ အခြေခံကျသော တပ်အင်အား တစ်ခုလည်း ဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်တွင် စစ်သူကြီးCheng မှာ စစ်မြေပြင်တွင် ကျဆုံးခဲ့ပြီး Cheng မိသားစု မြင်းတပ်အား Cheng  Yifei မှ ကွပ်ကဲလာခဲ့သည်။ သူက ထန်းယန်၏ တပ်အင်အား ၂၀၀,၀၀၀ အား ထိန်းချုပ်ထားကာ နက်နဲကုန်းမြေရှိ သုံးပြည်ထောင်တွင် အသက် ၂၃နှစ်ဖြင့် အငယ်ဆုံး စစ်သူကြီး ဖြစ်လာခဲ့သည်။

ငယ်ရွယ်စဥ်ကပင် စစ်သူကြီးCheng  မှာ အစာအိမ်ရောဂါအား ခံစားခဲ့ရသည်။ ဤတစ်ကြိမ်တွင် သူ၏ ရောဂါမှာ အလွန်ပြင်းထန်လေသည်။ သူက သုံးလေးရက်လောက် အစာမစားနိုင်ပဲ ရေသောက်ပြီးလျှင်ပင် အန်ထုတ်နေရသည်။

ဧကရာဇ်မှာ ဤကိစ္စအပေါ်တွင် အလွန် အရေးတယူရှိလေသည်။ သူက တော်ဝင်သမားတော်ချုပ်Su အား စစ်စခန်းသို့သွားရန် အမိန့်ပေးခဲ့သည်။ သူက မိန်းမစိုးကြီး ဝူကုန်းကုန်းအား ပြုစုပေးကာ ရောဂါအခြေအနေအား အချိန်မရွေး သတင်းပို့ရန် စေလွှတ်ခဲ့သည်။

သို့တိုင် တစ်မြန်နေ့တွင် ဧကရာဇ်မှာ ရုတ်တရက် တော်ဝင်သမားတော်ချုပ်ဆုအား နန်းတော်သို့ အလျင်စလို ခေါ်ယူခဲ့သည်။ ယမန်နေ့ညတွင် စစ်သူကြီးCheng ထံ၌ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လေသည်။ သူက ရေသာမက သွေးများပါ အန်နေသည်။ ဝူကုန်းကုန်းမှာ နန်းတော်သို့ ခိုစာပို့လိုက်ပြီးနောက် သမားတော်ဆုမှာ ဆေးညွှန်းရေးပေးကာ နန်းတွင်း ဆေးပေးခန်းမှာ ညတွင်းချင်း ဆေးပို့ဆောင်ရန် အမိန့်ပေးလိုက်လေသည်။

Gu Feiyan ၏ လက်ထဲရှိဆေးမှာ အသက်ကယ်ဆေးပင်။

Gu Feiyan မှ ရောက်သွားချိန်တွင် ပထမဆုံးနေရောင်ခြည်မှ ထွက်လာစပြုလာသည်။ သူမက ဆေးအိုးလေးထဲမှ ဆေးအိတ်အား ထုတ်ကာ နှောင့်နှေးနေခြင်း မရှိပဲ စခန်းသို့ ပြေးသွားလိုက်သည် သူမက ရှင်းပြရန် အချိန်များစွာ မရှိပဲ တော်ဝင်ဆေးပေးခန်းမှ တံဆိပ်အား ပြလိုက်သည်။ အစောင့်မှာ တံဆိပ်အား မြင်ရလျှင် သူမအားချက်ချင်းပင် စစ်သူကြီးCheng ၏ တဲသို့ ခေါ်သွားလေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး On viuen les histories. Descobreix ara