အခန်း(၁၉)

200 19 2
                                    

အခန်း(၁၉)

ဒီကျေးဇူး.. သူမက မှတ်မိနေပါ့မယ်။





မင်းသမီး Huaining  မှာ  Gu Feiyan မှ ရယ်မောနေသည်အား ရိပ်ခနဲ မြင်လိုက်ရသည်။ သူမက အလွန်အမင်း ဒေါသထွက်နေကာ စိတ်အခြေအနေ ဆိုးရွားသွားတော့သည်။ သူမက နောက်မဆုတ်ချင်ပဲ ရပ်နေလေသည်။ Manကုန်းကုန်းမှာ လျင်မြန်စွာ အရိုအသေပေးလိုက်ပြီး သူမထံ ပြုံးပြကာ လမ်းဖယ်ရန် ရှင်းလင်းစွာ တိုက်တွန်းလိုက်သည်။ ဝေါယာဥ်ထဲရှိ သခင်မှာမူ အသံမထွက်လာသေးပေ။

ကျင်းဝမ်မှာ နောက်ထပ် စကားပြောတော့မည် မဟုတ်ကြောင်း မင်းသမီး Huaining  မှာ သိနေသည်။ အကယ်၍ သူမက နောက်မဆုတ်လျှင် ပို၍ အရှက်ရစရာ ဖြစ်လာလိမ့်မည်။ သူမက Gu Feiyan  အား ခက်ထန်စွာ ကြည့်လိုက်ပြီးနောက် မြင်းလှည်းဆီသို့ ပြန်ကာ စိတ်မပါလက်မပါဖြင့် အမိန့်ပေးလိုက်သည်။ “တစ်ယောက်ယောက် နောက်ပြန်ဆုတ် .. ကျင်းဝမ်ကိုကိုအတွက် လမ်းဖယ်ပေးလိုက်။"

မြင်းလှည်းသမားနှင့် အစေခံမိန်းကလေးမှာ တစ်စက္ကန့်ပင် မနှောင့်နှေးဝံ့ပေ။ တစ်ယောက်မှာ မြင်းများအား မောင်းနေပြီး တစ်ယောက်မှာ မြင်းလှည်းအား ကူညီ တွန်းပေးနေသည်။ မြင်းလှည်းမှ ထွက်သွားလျှင် ဝေါယာဥ်အား ဆက်သွားရန် မန်ကုန်းကုန်းမှ အမိန့်ပေးလိုက်လေသည်။ မြင်းလှည်းမှ နောက်ဆုတ်သွားသည့်အတိုင်း ဝေါယာဥ်မှာ ရှေ့တိုးသွားသည်။ မင်းသမီး Huaining  မှာ Gu Feiyan  အား စူးစိုက်ကြည့်နေလေသည်။ Gu Feiyan  မှ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးသွားချိန်တွင် ကျင်းဝမ်၏ ဝေါယာဥ်မှာ သူမ၏ မြင်ကွင်းအား ကွယ်လိုက်တော့သည်။

မင်းသမီး Huaining ၏ မျက်နှာတွင် မည်သို့သော အမူအရာရှိနေမည်လဲအား မည်သူက သိနိုင်မည်နည်း။ Gu Feiyan  မှာ မနေနိုင်ပဲ ရယ်မောမိတော့သည်။ သူမက ထွက်ပြေးရန် ပြင်လိုက်စဥ် နောက်လှည့်ကာ ထွက်ခွာသွားသော ဝေါယာဥ်အား ကျေးဇူးတင်သည့်အနေဖြင့် ကြည့်လိုက်သည်။ ၎င်းမှာ တိုက်ဆိုင်မှု ဖြစ်သော်လည်း ကျင်းဝမ်မှ သူမအား ကယ်တင်လိုက်သည်မှာ အမှန်ဖြစ်သည်။ သူမက ဤဒဏ္ဍာရီကဲ့သို့ မင်းသား၏ မျက်နှာအား မမြင်ခဲ့ရသော်လည်း ဤကြင်နာမှုအား မှတ်မိနေလိမ့်မည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now