အခန်း(၉၇)

74 14 8
                                    

အခန်း(၉၇)

ထိတ်လန့်ဖွယ်ရလဒ်။






ဆေးအိုးလေး၏ ကောက်ချက်မှာ Gu Feiyan ကို အံ့အားသင့်သွားစေတော့သည်။

ဆေးမှုန့်တွင်းရှိ လျှိုသန်လျှူရှန်နှင့် လျှိုသန်လျှူရှန်အပင် သုံးပင်လုံးသည်လည်း သက်တမ်းတူဖြစ်သည်။ ဆေးမှုန့်တွင်ရှိသော အခြားဆေးများအားလုံးသည် ရှန်နွန်တောင်ကြားမှ ဆင်းသက်လာကြသည်။ သို့သော် ဆေးမှုန့်တွင်းမှ လျှိုသန်လျှူရှန်ဖြစ်စေ၊ သို့မဟုတ် အပင်သုံးပင်ဖြစ်စေ အားလုံးမှာ ရေခဲပင်လယ်၏တောင်ဘက်မှ ဆင်းသက်လာကြသည်။

ရေခဲပင်လယ်ရဲ့တောင်ဘက်!!

ရေခဲပင်လယ်၏တောင်ဘက်တွင် တိမ်တိုက်ကုန်းမြေ ဟုခေါ်သောနေရာတစ်ခုရှိနေကြောင်း သူမ ယခင်က မေးမြန်းဖူးသည်။

ရေခဲပင်လယ်၏မျက်နှာပြင်သည် ပေသုံးဆယ်ခန့် အေးခဲနေပြီး အလွန်အမင်း အေးနေသည်။ အခြေခံအားဖြင့် သာမန်လူများမှ ဖြတ်သန်း သွားလာရန် မဖြစ်နိုင်ပေ။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ရေခဲပင်လယ်ပြင်တွင် ထူးဆန်းသောပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ရေခဲပြင်တစ်ခုလုံးသည် မည်သူမျှ ပျက်ပြယ်စေနိုင်ခြင်း မရှိသော အဆိပ်တစ်မျိုး ဖုံးလွှမ်းသွားခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် အဆက်အသွယ်မရှိသော ကုန်းမြေကြီးနှစ်ခုသည် ထိုအချိန်မှစ၍ လုံးဝ သီးခြားဖြစ်သွားခဲ့သည်။

လျှိုသန်လျှူရှန်များမှာ ရေခဲပင်လယ်၏တောင်ဘက်မှ ဆင်းသက်လာသည်။ လွန်ခဲ့သော ဆယ်နှစ်က ဤနေရာသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်နိုင်လေသလား။ ဘယ်သူက ယူလာတာလဲ။ ရေခဲပင်လယ်ကို ဘယ်သူဖြတ်ကျော်နိုင်မလဲ။

ရေခဲပင်လယ်နှင့် ရေခဲပင်လယ်၏တောင်ဘက်ဖြင့် ပတ်သက်၍ Gu Feiyan မှာ ကန့်သတ်ပမာဏတစ်ခုသာ သိထားပြီး သူမ ရှာဖွေနိုင်သည့်အရာမှာလည်း အလွန်အကန့်အသတ်ရှိသည်။ သူမအတွက် ပိုမိုသိရှိရန် ခက်ခဲလှသည်။

ဆေးအိုးလေးမှာ လျှိုသန်လျှူရှန်များအား ရေခဲပင်လယ်၏တောင်ဘက်မှ လာကြောင်း ဘယ်လိုဆုံးဖြတ်ခဲ့လဲ သူမ နားမလည်ပေ။ ဆေးအိုးလေးမှာ ရေခဲပင်လယ်တောင်ဘက်ရှိ ဆေးဝါးလောကအကြောင်း မည်မျှသိထားသည်လဲ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Tahanan ng mga kuwento. Tumuklas ngayon