အခန်း(၅၂)

102 11 4
                                    

အခန်း(၅၂)

အမျိုးသား နတ်ဘုရားကို ပုတ်ခတ်စော်ကား၍ မရ။





အချိန်ကြာမြင့်သည်အထိ ဆွေးနွေးပြီးနောက်၊ Xia Xiaoman နှင့် Mang Zhong တို့နှစ်ဦးစလုံးမှာ အခြေအနေကို ရှောင်တိမ်းသင့်သလား သို့မဟုတ် အတည်ပြုသင့်သလား မသေချာ ဖြစ်နေလေသည်။

Gu Feiyan မှာ Mang Zhong နှင့် Xia Xiaoman တို့မှ ပြန်ရောက်လာသည်ကို သတိမထားမိလိုက်ပေ။ Jun Jiuchen ၏ ဖိအားကို ခံယူရင်း သူ၏ ခန္ဓာကိုယ် အပူချိန်ကို သေချာ အာရုံစိုက်နေသည်။

သူ၏ အအေးဓါတ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလျှင် သူမ ဆေးဘုရင် နတ်မီးတောက်များကို ဒုတိယအဆင့်သို့ လျှော့ချပြီး ငြိမ်းသတ်ရန် ပြင်လိုက်လေသည်။

ဤရေပူစမ်းတွင် ဆေးဖက်ဝင်ရေစိမ်ခြင်းသည် အလွန်နွေးထွေးကြောင်းကို သူမ သိထားသည်။ ကျင်းဝမ်၏ ခန္ဓာကိုယ်အတွင်းမှ အေးစက်သော စွမ်းအင်များ ပျံ့လွင့်သွားသည်နှင့်၊ သူက ဆေးဘုရင်၏ နတ်မီးတောက်ကို ဆက်၍ မသုံးနိုင်တော့ပေ။ ထိုသို့မဟုတ်လျှင် အအေးဓာတ်များ ကုန်ဆုံးသွားပြီး အပူငွေ့များမှာ သူ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းစေတော့ အဆုံးသတ်တွင် ဒုက္ခရောက်သွားလိမ့်မည်။

ဆေးဘုရင်၏နတ်မီးတောက် ပျောက်ဆုံးသွားသဖြင့် ဆေးအိုးလေးမှာ ချက်ချင်းကျုံ့သွားပြီး Gu Feiyan ၏ခါးပေါ်သို့ ဆင်းသက်လာသည်။ Jun Jiuchen ၏လက်များမှာ လွတ်နေသောလေကို ဆုပ်ကိုင်လိုက်ပြီး အသိစိတ်မှာ မှုန်ဝါးနေကာ Gu Feiyan ၏ခါးအား ဆုတ်ကိုင်၍ ဆေးအိုးလေးကို စတင်ရှာဖွေနေသည်။

Gu Feiyan မှာ ထိတ်လန့်သွားပြီး သူက ကြုံရာကျပန်း .. ထိတွေ့နေခြင်းမှာ တားဆီးရန် အလျင်အမြန် ဆွဲထားလိုက်သည် ။ ဤလှည့်ကွက်မှာ သူ့ကို လှည့်စားနိုင်ဆဲဖြစ်ပြီး သူက မြန်ဆန်စွာ နေရာယူကာ သူမကို မှီလိုက်လေသည်။ Gu Feiyan မှာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ၏ နှလုံးသားတွင်လည်း နောက်ဆုံးတွင် သက်သာရာရသွားတော့သည်။

ကြီးမားလှသော ချင်းလျူခန်းမကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားကာ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုပင်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now