အခန်း(၄၀)

105 13 4
                                    

အခန်း(၄၀)

စိတ်တိုရခြင်း။





Gu Feiyan မှာ အလျင်လိုနေပြီး မေးခွန်းပေါင်းများစွာနှင့် ရင်ဆိုင်ရချိန်တွင် အလွန်စိတ်တိုလာတော့သည်။ တကယ်လို့ သူမက ရှက်စရာ တစ်ခုခု လုပ်ခဲ့ရင်တောင် ဒီလူတွေနဲ့ ဘာမှမဆိုင်ဘူး!

သူမက ရုတ်တရက် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ "တော်လောက်ပြီ…"

Gu Feiyan ၏ အေးစက်သောအသံကြောင့် လူတိုင်းမှာ အံ့အားသင့်သွားသကဲ့သို့ တစ်ခဏမျှ တိတ်ဆိတ်သွားတော့သည်။ သို့သော် လူအုပ်အား တုန်လှုပ်စေမည့်အရာမှာ Gu Feiyan ၏မျက်လုံးထဲမှ အကြည့်များပင်။ ထိုအချိန်တွင် သူမ၏ ကြည်လင်သော မျက်လုံးများမှာ အေးစက်သော အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။  ၎င်းမှာ အေးစက် ဝေးကွာ၍ မြင့်မြတ်ကာ လွှမ်းမိုးချုပ်ကိုင်မှုများပင် ရှိနေသည်။ထိုကဲ့သို့ အေးစက်ခြင်းနှင့် ဂုဏ်ရည်မျိုးမှာ ပြုစုပျိုးထောင်၍ မရနိုင်ပဲ အတူမွေးဖွားလာခဲ့သည့် အရာဖြစ်သည်။

ခြံဝန်းထဲရှိ လူများ မဆိုထားနှင့် တံခါးအပြင်ဘက်တွင် ရပ်နေသော မင်းသမီး Huaining ပင်လျှင် ရင်တလှပ်လှပ် ခံစားလိုက်ရသည်။ သူမက Gu Feiyan ထက်နိမ့်ကျနေသည့် ခံစားချက်မျိုးအား ထူးဆန်းစွာ ခံစားလိုက်ရသည် ။

ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ ထင်ယောင်ထင်မှားဖြစ်နေတာ ဖြစ်ရမယ်!

အကယ်၍ ကုမိသားစုမှာ ပြိုလဲခြင်း မရှိခဲ့လျှင်တောင် အများစုဆုံးမှာ ရှည်လျားသော သမိုင်းကြောင်းရှိနေသည့် မိသားစုတစ်စုသာ ဖြစ်လာလိမ့်မည်။ နက်နဲကုန်းမြေကြီးတွင် နံပါတ်တစ် ဖြစ်နိုင်မည် မဟုတ်ပေ။

Gu Feiyan က သူမနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။

အစောတွင် မင်းသမီး Huaining မှာ Gu Feiyan နှင့် ပြပွဲကောင်းတစ်ခုအား ကြည့်ရှုချင်နေခဲ့သော်လည်း ယခုအခါ အထူးပင် ဆန္ဒမရှိတော့ပေ။ သူမက Gu Feiyan ၏ အရှိန်အဝါကို ချိုးနှိမ်ရမည်။

သူမက မာနကြီးသော လေသံဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်ဝင်လာသည်။ "ကျစ်… ကျစ်… တော်ဝင်ဆေးပေးခန်းက အရမ်းအသက်ဝင်နေတာပဲ။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now