အခန်း(၆၄)

91 13 4
                                    

WARNING
---------------
ညှင်းပန်းစစ်ဆေးသည့် အခန်းများပါဝင်သည်။

--------------

အခန်း(၆၄)

တခြားဘာလုပ်နိုင်ဦးမှာလဲ။





Qi Fufang ၏ သုန်မှုန်နေသည့် မျက်နှာကို ကြည့်ပြီး Gu Feiyan မှာ မျက်လုံးများကို ကျဥ်းမြောင်းကာ တိုးတိုးပြောလိုက်လေသည်။ "နင် အပြစ်ကင်းတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် အချိန်တန်မှ ငါ့ကို အကူအညီ မတောင်းနဲ့။"

သူမက အမှန်တရားနှင့် အနီးစပ်ဆုံးလူဖြစ်သည်။ အကယ်၍ သူမသာ ရှေ့ထွက်လာခြင်း မရှိလျှင် ဤအရူးနှစ်ယောက်ဖြစ်သည့် မင်းသမီး Huaining နှင့် Qi Fufang  တို့မှာ မြေခွေးအိုကြီးဖြင့် ယှဥ်နိုင်မည်ဟု သူမ ယုံမည်မဟုတ်ပေ။

"တောင်းပန်ရမယ်.."

Qi Fufang မှာ Gu Feiyan မှ ရုတ်တရက် ဘာကြောင့် ဤသို့ ပြောလာလဲ နားမလည်ပေ။ Gu Feiyan မှ ရူးနေသည်ဟုသာ သူမ စဥ်းစားလိုက်သည်။ "ကောင်းပြီ၊ နင်စောင့်ကြည့်နေ..”

Gu Feiyan ထံ မည့်သည့်စကားမှ မပြောတော့ပေ။ သူမ မျက်နှာပေါ်တွင် အပြုံးဖြင့် အထဲသို့ ပြေးဝင်သွားလိုက်သည်။ " မင်းသမီး ၊ နောက်ဆုံးတော့ ဒီကို ရောက်နေပြီ ။ အရှင်ကျန်းက  မတရားစွပ်စွဲနေတယ်။ ကျွန်မအတွက် တရားမျှတအောင် သေချာပေါက် ဆုံးဖြတ်ပေးရမယ်။ "

Gu Feiyan မှာ နောက်ပြန်မလှည့်ပေ။ သူမ၏ နှုတ်ခမ်းတွင်  အပြုံးဖျော့ဖျော့ဖြင့် Xia Xiaoman နှင့် အစောင်များဖြင့် တိတ်တဆိတ် ထွက်သွားလိုက်သည်။ အရှင်ကျန်းမှာ အမှားများစွာ လုပ်ရန် မဝံ့မရဲဖြစ်နေပြီး သူတို့အား သီးခြားအကျဥ်းခန်းတွင် နေနိုင်အောင် စီစဉ်ပေးလိုက်သည်။

အစောင့်များ ထွက်သွားကြောင်း အတည်ပြုပြီးနောက် Gu Feiyan မှာ Xia Xiaoman ကို အလျင်အမြန် ဆွဲခေါ်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မင်းဘာလို့ စစ်ကူတွေ အမြန်မခေါ်တာလဲ။ မင်းဘာလို့ ဒီကိုလိုက်လာတာလဲ။"

Xia Xiaoman မှာ မထီမဲ့မြင်ပြုနေသည့် အကြည့်ဖြင့် သူမ၏လက်ကို တွန်းထုတ်လိုက်သည်။ "မင်းဘယ်လိုစကားမျိုးပြောဖို့ကြိုးစားနေတာလဲ။ ငါမဝင်လာရင် မင်းမျက်နှာပျက်ရမှာမဟုတ်ဘူးလား။ "

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now