အခန်း(၈၃)

102 10 6
                                    

အခန်း(၈၃)

မင်းသဘောတူသေးတယ်။





Jun Yaosheng မှာ ထိုကဲ့သို့ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ထရပ်လိုက်လျှင် သူက မင်းသမီး Huaining ၏ အာရုံစူးစိုက်မှု ဗဟိုချက်ကို အစားထိုးလုနီးပါး ဖြစ်သွားတော့သည်။

မင်းသမီး Huaining မှာ သူနှင့် တွဲ၍သာ ဟန်လုပ်နိုင်သည်။ "အစ်ကိုတော်။ ကျွန်မမှားတယ်... ကျွန်မမှားသွားတယ်။ ကျွန်မ မရည်ရွယ်ပါဘူး။ ကျွန်မ အစ်ကိုတော်ကျင်းဝမ်ကို ထိခိုက်အောင် မလုပ်ချင်ပါဘူး။ လျှိုသန်လျှူရှန်က အဆိပ်ပြင်းတယ် ဆိုတာ မသိရပါဘူး။ ဆေးဝါးပညာရှင်ကျန်းက ကျွန်မကို လှည့်စားခဲ့တာပါ။"

Jun Jiuchen မှာ အေးစက်စွာ ပြောလိုက်လေသည်။ "ဘာတွေဖြစ်နေတာလဲ။ ရှင်းရှင်း ပြော။”

မင်းသမီး Huaining မှာ ငိုယိုကာ ဖြေလာသည်။ " ဆေးဝါးပညာရှင်ကျန်းက ပြောတာ လျှိုသန်လျှူရှန်က ဂျင်ဆင်းလိုပဲ …”

Jun Jiuchen မှာ သူမ စကားမဆုံးခင် ဖြတ်မေးလိုက်လေသည်။ “ဆေးဝါးပညာရှင်ကျန်းကို ဘယ်လိုရှာတွေ့တာလဲ။ ဆေးပစ္စည်းတွေ ပြောင်းတာ လူသတ်ဖို့မဟုတ်ရင် ဘာကြောင့်လဲ။ "

"ကျွန်မ..."

မင်းသမီး Huaining မှာ အချိန်အတော်ကြာအောင် မဖြေနိုင်ပဲ Gu Feiyan ဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်နေပြီး ဝမ်းသာအားရ ဖြစ်နေသောအမူအရာကို မြင်လိုက်သောအခါတွင် ရုတ်တရက် မကျေမနပ်ဖြစ်ကာ မဖြေချင်တော့ပေ။

Jun Jiuchen မှာ လုံးဝစိတ်ရှည်ပေးခြင်း မရှိပဲ ခက်ထန်စွာ ပြောလိုက်သည်။ "ပြော။"

မင်းသမီး Huaining မှာ ထိတ်လန့်သွားတော့သည်။ သူမ ရုတ်တရက် Gu Feiyan ထံ ညွှန်ပြကာ အော်ဟစ်လိုက်လေသည်။ "ဒါတွေအားလုံးက သူမကြောင့်ပဲလေ။ ဒါတွေအားလုံးက အဲ့ဒီခွေးမကြောင့်ပဲ။ သူမက အစ်ကိုယုနဲ့ စေ့စပ်ထားတာ ထင်ရှားနေတာတောင် အမျိုးသမီးတစ်ယောက်ရဲ့ ကျင့်ဝတ်ကို မလိုက်နာဘူး။ အကျင့်ပျက်ပြီး Cheng Yifei နဲ့ လက်ထပ်ဖို့ ပူးပေါင်းနေပြီး အစ်ကိုယုကို အရှက်ရစေတယ်။ ကျွန်မ သူမ ကိုမုန်းတယ်။ ဘွားတော်က ဆေးဖက်ဝင်ဟင်းလျာ ချီးမြှင့်ဆိုတဲ့အကြောင်း သိတော့ ဆေးဝါးပညာရှင်ကျန်းကို သွားရှာခဲ့တယ်။ ဆေးဝါးပညာရှင်ကျန်းက ကျွန်မကို ဆေးညွှန်းပြောပြပြီး လျှိုသန်လျှူရှန်က ဂျင်ဆင်းအသေးစားနဲ့ အတိအကျတူတယ်လို့ ပြောတယ်။ အဲဒါက သောက်ပြီးရင် ကြီးကြီးမားမား ပြသနာ မရှိဘူးလို့လည်း ပြောတယ်။ အစ်မ Fufang ကို Chen Sanyuan နဲ့ တစ်ခြားသူတွေဆီ  Gu Feiyan ကို အပြစ်တင်ဖို့ လာဘ်ထိုးပေးဖို့ မေးခဲ့တယ်။ ကျွန်မ…  ကျွန်မ အစ်ကိုယု ကိုယ်စား သူမကို သင်ခန်းစာတစ်ခု သင်ပေးချင်ခဲ့ရုံတင်။ ဆေးဝါးပညာရှင်ကျန်းက လိမ်မယ်လို့ မထင်ခဲ့မိဘူး။ ဒီလိုမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဟင့်.. ဟင့်.. ကျွန်မ အပြစ်ကင်းတယ်။ ဒါတွေအားလုံးက Gu Feiyan ရဲ့အမှားပဲ၊ ဒါတွေအားလုံးက သူမအပြစ်ပဲ။ "

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now