အခန်း(၄၄)

127 12 4
                                    

အခန်း(၄၄)

ကံတရား။ ကိုယ်တိုင်တွေ့ကြုံခံစားရခြင်း။






Xia Xiaoman မှာ မင်းသမီး Huaining ၏ ဘောလုံးတစ်လုံးကဲ့သို့ ကြေမွနေသော စာရွက်ကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး Shangguan Yinghong ထံ လူတိုင်းအား ပြရန် တောင်းဆိုလိုက်သည်။ မှန်းဆပြီးသားဖြစ်သော်လည်း လူတိုင်းမှာ အတိအကျ တူညီသော မွေးသက္ကရာဇ်ကို မြင်လျှင် မယုံချင်ကြပဲ အံ့သြနေကြဆဲပင်။

"စာရင်းကျန်သေးတယ်။ ကိုယ်စားလှယ်လောင်းတွေရှိဦးမှာ သေချာတယ်။"

"နင်တို့ထဲက ဘယ်သူက သူမနဲ့ ဇာတာတူတဲ့သူရှိလဲ။ မြန်မြန်လာ။”

“ဒီမိန်းမပျက်က ခွေး* နင်းမိပြီး ကံကောင်းနေတာလား။ ငါက မယုံဘူး။"

မင်းသမီး Huaining မှာ ခဏပင် စောင့်မနေချင်တော့ပဲ Xia Xiaoman ၏ လက်ထဲမှ စာရင်းများအားလုံးကို ဆွဲယူပြီး တစ်ကြောင်းပြီးတစ်ကြောင်း ဖတ်လိုက်သည်။ သို့သော် သူမ တစ်ခုစီကိုကြည့်ကာ တစ်ခုစီကို ဖယ်ရှားလိုက်လျှင်ပင် အချိန်အတော်ကြာအောင် တူညီသောမွေးသက္ကရာဇ်ကို ရှာမတွေ့တော့ပေ။

လက်ထဲရှိ စာရင်းသည် သေးငယ်သထက် သေးငယ်လာသည်နှင့်အမျှ မင်းသမီး Huaining ၏ အသက်ရှူသံများ ပိုမြန်ဆန်လာသည်။ သူမပတ်ဝန်းကျင်ရှိ လူတိုင်းမှာလည်း တိတ်ဆိတ်သထက် တိတ်ဆိတ်လာတော့သည်။

နောက်ဆုံးတော့ နောက်ဆုံးစာရင်းတစ်ခုသာ ကျန်တော့သည်။ မင်းသမီး Huaining မှာ တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း မလွှင့်ပစ်ပေ။ ၎င်းကိုမြင်တော့ အားလုံး၏ နှလုံးသားတွင် စိတ်လှုပ်ရှားကာ စောင့်မျှော်နေကြသည်။

ဖြစ်နိုင်မလား...

Gu Feiyan ၏ တစ်ကိုယ်လုံး တင်းမာနေသည်။ ဤသို့သောအချိန်မျိုးတွင် သူမ ဘယ်လောက်ထိ စိတ်လှုပ်ရှားနေမှန်း ဖော်ပြ၍ မရနိုင်ပေ။ နှလုံးခုန်နှေးသွားစေရန် သူမ၏ နှလုံးသားကိုပင် ဖုံးကွယ်ထားချင်နေသည်။ သို့သော်လည်း မင်းသမီး Huaining ၏ ပြင်းထန်သော အမူအရာမှ တိုးပွားလာသည်ကို ကြည့်ပြီး သူမ၏ ရန်စသော အပြုံးကို ပြတ်ပြတ်သားသား ထိန်းသိမ်းထားလေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now