အခန်း(၆၂)

84 10 0
                                    

အခန်း(၆၂)

အဲ့တာ အဲ့ဒီလောက် မရိုးရှင်းဘူး။




Qi Yu ကဲ့သို့ ကြောင်သူတော်မှာ သီချင်းဆိုခြင်းထက်ပင် ပို၍ စကားပြော ကောင်းသူဖြစ်သည်။ သူက ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ မင်းသမီးက အစ်မဆီ တစ်ယောက်တည်း သွားတွေ့တုန်း ငါက ဒီမှာပဲ စောင့်နေလိုက်မယ်။ မင်းသမီးက အဖေ့ကိုယ်စား အစ်မဆီ စကားပါးပေးဖို့  နှောင့်ယှက်ရလိမ့်မယ်။ တကယ်လို့ သူမက တကယ်ပဲ ဆိုးရွားပြီး ရှက်စရာကောင်းတာ တစ်ခုခု လုပ်ခဲ့ရင်၊ ချီမိသားစုက သူမကို သမီးအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး။ တကယ်လို့ သူမက စွပ်စွဲခံရတာဆိုရင် ချီ၏မိသားစုက အဆုံးထိ လိုက်သွားမှာ သေချာတယ်လို့ အဖေက ပြောလိုက်ပါတယ်။"

"အစ်ကိုယု စိတ်မပူပါနဲ့။ ကျွန်မက သေချာပေါက် ပြောပေးမယ်။"

အသေအချာပင် မင်းသမီး Huaining မှာ Qi Yu ၏ အရိပ်အမြွက်ကို နားလည်နိုင်သည်။ သူမ အရှင်ကျန်း ဆီသို့ လှမ်းကြည့်ကာ တိုက်တွန်းလိုက်သည်။ "ရှင်ဘာအတွက် ရပ်နေတာလဲ။ ဘာလို့ မြန်မြန်လမ်းမပြသေးတာလဲ။"

အရှင်ကျန်းမှာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း ကံမကောင်းစွာဖြင့်၊ သူ့တွင် တားမြစ်ရန် အခြားအကြောင်းပြချက်မရှိသဖြင့် လေးစားစွာ ရှေ့သို့ လမ်းပြရတော့သည်။

"မင်းသမီး၊ ကျေးဇူးပြုပြီး ဒီလမ်းပါ။ ဒီအရာရှိက လိုက်ပို့ပေးပါ့မယ်။"

ယခုတော့ အမြဲတစေ တည်ငြိမ်နေသော Gu Feiyan မှာ စိုးရိမ်လာတော့သည်။ သူမ Xia Xiaoman ၏ခြေထောက်ကို တိတ်တဆိတ် နင်းကာ သူမအား ရပ်တန့်ရန် နည်းလမ်းအမြန်ရှာရန် သတိပေးလိုက်သည်။

ကျင်းဝမ်အား လုပ်ကြံမှုကဲ့သို့ အမှုကြီးများကို တရားရုံးများမှာ ဆေးလုပ်သားတစ်ယောက်၏ သက်သေခံချက်ကို အားကိုး၍ မည်သည့်အခါမျှ အလျင်စလို ပိတ်သိမ်းကာ Qi Fufang ကို အလွယ်တကူ ကွက်မျက်ဝံ့မည် မဟုတ်ပေ။ စစ်သူကြီးချီ၏ လိမ္မာပါးနပ်မှုနှင့် Qi Yu ၏ အဆင့်အတန်းမြင့်မားမှုကြောင့် သူတို့က သံသယမဖြစ်စေရန် အစပျိုးလုပ်ဆောင်သင့်သည်။ သူတို့က ဘာကြောင့် ဤမျှ အလျင်လိုနေခဲ့သည်လဲ။ ညသန်းခေါင်တွင် သူတို့ မင်းသမီး Huaining ကို ရှေ့တန်း ဆွဲခေါ်ကာ အထောက်အထားနှင့် ထောင်ဝင်စာတွေ့ရန် တောင်းဆိုနေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now