အခန်း(၈၁)

87 9 4
                                    

အခန်း(၈၁)

သခင် အစစ်။




အမှု အပြောင်းအလဲမှာ အားလုံးကို ထိတ်လန့်သွားစေတော့သည်။ ရုံးတော်ခန်းမ အတွင်းအပြင်မှ တိတ်ဆိတ်မှုမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာလေသည်။

မကြာမီ Jun Jiuchen ၏ အသံမှာ လူတိုင်းကို တိတ်ဆိတ်သွားစေသည်။

သူက ပြောလိုက်သည်။ "ချက်ချင်း စစ်ဆေးကြည့်။"

သူက ဝူကုန်းကုန်းကို ဖမ်းဆီးလာခဲ့သော်လည်း ဆေးထုတ်ဖြင့် ချောက်ချခဲ့သူတော့ မဟုတ်ပေ။ ယနေ့တွင် သူက Gu Feiyan ကို လာရောက်၍ ပျော်ရွှင်မှုတွင် ပါဝင်စေချင်ရုံပင်။ သူက ဆေးဝါးပညာရှင်ကြီးအား ကူညီရန် သူမကို အမှန်တကယ် မလိုလားသော်လည်း ဤအမျိုးသမီးမှာ သူ့ကို နောက်တစ်ကြိမ် အံ့အားသင့်စေမည်ဟု မမျှော်လင့်ခဲ့ပေ။ အကယ်၍ ဝူကုန်းကုန်း၏ လက်ဝယ်တွင် လျှိုသန်လျှူရှန်ကို ရှာတွေ့လျှင် ကိစ္စမှာ ကိုင်တွယ်ရ ပို၍လွယ်ကူလာလိမ့်မည်။

"အမိန့်အတိုင်းပါ။"

Gu Feiyan မှာ စကားပြောနေစဉ် ဝူကုန်းကုန်းသို့ လှမ်းကြည့်လိုက်သည်။

ဝူကုန်းကုန်းမှာ သူမကို ကြာမြင့်စွာကပင် စိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများအပြင် တုန်လှုပ်ခြောက်ခြားကာ သံသယဝင်နေလေသည်။ Gu Feiyan မှာ ဆေးမှုန့်များတွင် လျှိုသန်လျှူရှန် ပါရှိကြောင်း အတည်ပြုနိုင်သည်ဟူသောအချက်ကိုပင် သူက မယုံနိုင်ဖြစ်နေရာ စစ်ဆေးပြရန်ဆိုလျှင် ပြောစရာမလိုတော့ပေ။ သူမ ဘယ်လိုစမ်းသပ်မှာလဲ!

ဝူကုန်းကုန်းမှာ သခင်ဖြစ်သူအပြင် ကမ္ဘာပေါ်ရှိ အခြားတစ်စုံတစ်ယောက်မှ ရောနှောထားသည့် ဆေး မှုန့်များကို အပြည့်အဝ ခွဲထုတ်နိုင်စွမ်းရှိကြောင်း မယုံနိုင်ပေ။

Gu Feiyan မှာ လျှိုသန်လျှူရှန်ကို အမှန်တကယ် သတိထားမိကြောင်း သံသယမ၀င်ပဲ မနေနိုင်ပေ။ သူမ ထို့သို့ပြောရသည့် အကြောင်းရင်းမှာ သူ့ကို စမ်းသပ်ပြီး ထောင်ချောက်ဆင်ရန် ဖြစ်နိုင်ခြေများနေသည်။

ဝူကုန်းကုန်းမှာ ခဏကြာ စဉ်းစားပြီး နှုတ်ဆိတ်နေရန် ဆုံးဖြတ်လိုက်သည်။ Gu Feiyan မှာ ဘယ်လိုဆက်သွားမလဲ သူက မြင်ချင်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now