အခန်း(၈၅)

96 9 9
                                    

အခန်း(၈၅)

မင်း လူတွေကို ဘယ်လို တွေးစေချင်နေတာလဲ။





Jun Jiuchen မှာ သူ၏ကိုယ်ပိုင်လက်ရာကြောင့် သိသိသာသာ အံ့အားသင့်သွားတော့သည်။ သူက Gu Feiyan ကို အတန်ကြာ ထိတ်လန့်စွာ ကြည့်နေလေသည် ။

"အား….."

Gu Feiyan မှာ ရုတ်​တရက်​အော်​လိုက်​ပြီး သူမ၏ ခန္ဓာကိုယ်​ကို စိုးရိမ်တကြီး ကာထားလိုက်​သည်​။ သူမ အလွန်ထိတ်လန့်သွားပြီး တစ်ခဏမျှ သူမ၏ အဆင့်အတန်းကို မေ့ကာ အော်လိုက်လေသည်။ “ဟိုဘက်လှည့် မကြည့်နဲ့။”

Jun Jiuchen မှာ သတိပြန်ဝင်လာပြီး ချက်ချင်းပင် တစ်ဖက်သို့ လှည့်ကာ မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ နားရွက်များမှာလည်း နီရဲနေသော်လည်း သူက သတိမထားမိပေ။ ။ Gu Feiyan  မှာလည်း သတိမပြုမိပေ။

Gu Feiyan မှာ မည်သည့်အချိန်ကမှ ဤမျှ မတုန်လှုပ်ခဲ့ဖူးပေ။ မြေပြင်ပေါ်တွင် ဆုတ်ပြဲနေပြီး သွေးများ ​ပေပွနေသော သူမ၏ အဝတ်အစားများကို ကြည့်လိုက်ကာ သူမ၏ ခေါင်းထဲတွင် ဗလာကျင်းနေဆဲပင်။

Jun Jiuchen မှာမူ တည်ငြိမ်သွားပြီပင်။ သူက ပြတ်သားစွာ သူ၏ ဝတ်ရုံကို ချွတ်ကာ သူမထံ ကမ်းပေးလာသည်။"ဝတ်ထားလိုက်။"

ထိုအချိန်တွင် Gu Feiyan မှာ သတိပြန်ဝင်လာပြီး ဝတ်ရုံကို အလျင်အမြန် ဖမ်းယူကာ ကိုယ့်ကိုကိုယ် တင်းကျပ်စွာ ပတ်ထားလိုက်သည်။ သူမ စိတ်သက်သာရာသွားကာ သက်ပြင်းတစ်ချက်ချလိုက်တော့သည်။ သူမ၏ အသိစိတ်များ ပြန်ဝင်လာသော်လည်း နှလုံးသားတွင်မူ ကမောက်ကမဖြစ်နေဆဲပင်။

သူက အရှင့်သားကျင်းဝမ်လေ!!!

ဘယ်လိုဖြစ်နိုင်မှာလဲ... သူဘယ်လိုလုပ်နိုင်ရတာလဲ။

ဒါမဖြစ်သင့်ဘူး!

သူက အရမ်း စိုးရိမ်နေလို့လား။ သူက သူမထက်တောင် ပိုပြီး စိုးရိမ်နေတယ်။ ဒါက လူရမ်းကားလုပ်ရပ်နဲ့ မတူဖူးလား။

သူဘာတွေမြင်လိုက်လဲ။

Gu Feiyan မှာ ထပ်မံ၍ ဆက်မတွေးဝံ့တော့ပေ။ သူမ Jun Jiuchen ၏ နောက်ကျောကို လှမ်းကြည့်ပြီး တဖြည်းဖြည်း သူမ၏ မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now