အခန်း(၁၃)

224 22 2
                                    

အခန်း(၁၃)

ရန်စခံရခြင်း။





အခြားသူများ၏ ဝေဖန်မှုအား ရင်ဆိုင်နေရချိန်တွင် Gu Feiyan  မှာ ပဟေဌိဖြစ်သွားတော့သည်။ မူလပိုင်ရှင်မှာ ဆေးပေးခန်းတွင် အလွန် နိမ့်ချကာ မည်သူ့ကိုမှ ရန်စခြင်း မရှိပေ။ သူမက ရန်စမှုများကိုပင် စိတ်ရှည်စွာ သည်းခံပေးခဲ့သည်။ သူမက ထိုသူများအား ဂရုစိုက်ရန် အချိန်မရှိပဲ ပို့ဆောင်ရေးရုံးတွင် သတင်းပို့ရန် လျင်မြန်စွာ သွားလိုက်သည်။

တော်ဝင်ဆေးပေးခန်းတွင် သိုလှောင်ရုံ၊ ဆေးပေးခန်း၊ ဆေးဖြန့်ဝေမှု၊ မီးဖိုနှင့် ပို့ဆောင်ရေးရုံး ဟူသော ရုံး ငါးခုဖြင့် ဖွဲ့စည်းထားသည်။ ဝယ်ယူထားသော ဆေးဝါးများမှာ ဆေးကျွန်မှ အကောင်းဆုံးအပိုင်းအား ရွေးချယ်  ထုတ်ယူကာ သိုလှောင်ရုံသို့ ပို့ပေးရသည်။ ၎င်းမှာ ဆေးပေးခန်းတွင် ဆေးပြားနှင့် ဆေးမှုန့်များ ပြုလုပ်ရန် သို့မဟုတ် တော်ဝင်သမားတော်၏ ဆေးညွှန်းအရ ဆေးထုပ်များ ပြုလုပ်ရန် သို့မဟုတ် ပို့ဆောင်ရေးရုံမှ ဆေးမပို့မီ မီးဖိုတွင် ကျိုရန် အသုံးပြုနိုင်သည်။

ထိုရုံးငါးရုံးတွင် ဆေးကျွန်များမှာ အလုပ်ကြမ်း အများဆုံး လုပ်ဆောင်ရကာ ဆေးဝါးမိန်းကလေးများမှာ ဆေးဝါးပညာရှင်များအား ကူညီရင် ပညာသင်ယူရန် အခွင့်အရေး ရကြသည်။ မူလပိုင်ရှင်မှာ ဆေးကျွန်မှ ဆေးဝါးမိန်းကလေးအဖြစ်သို့ ရာထူးတိုးစဖြစ်ကာ မည်သည့်ဆေးဝါးပညာရှင်ထံမှ တာဝန်မကျသေးပေ။ သို့ဖြစ်၍ ခန်းမရှိ ဆေးဝါးပညာရှင်တိုင်းမှာ သူမအား ခိုင်းစေနိုင်သည်။

ဆေးထုတ်နှင့် ဆေးညွှန်းမှာ ပို့ဆောင်ရေးရုံးတွင် လဲလှယ်ခံရကြောင်း Gu Feiyan  မှာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာနေသော်လည်း သူမက ထိုကိစ္စအား ဆက်မလိုက်တော့ပေ။ သူမက ထိုကိစ္စနှင့်ပတ်သက်၍ တော်ဝင်သမားတော်ဆုအား သတိပေးထားပြီးဖြစ်သောကြောင့် တော်ဝင်သမား Su နှင့် Cheng Yifei တို့၏ တုံ့ပြန်မှုအား သူမက မြင်နိုင်လိမ့်မည်။

သူမက လှည့်ပတ်သွားလာကာ ရုံးအတွင်း ဆေးဝါးများအား ထိန်းချုပ်ထားသည့် အဖွဲ့အစည်းအကြောင်း ပိုမိုသိချင် နေသော်လည်း ခြံဝန်းအတွင်းသို့ ရောက်လာလျှင် ဆေးမိန်းကလေးအချို့မှာ စုရုံးကာ စကားစမြည်ပြောဆိုကြသည်အား တွေ့လိုက်ရသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now