အခန်း(၉၃)

58 8 8
                                    

အခန်း(၉၃)

မြေခွေးအိုကြီးကလည်း စိတ်လှုပ်ရှားနေတယ်။







Gu Feiyan မှာ ကျင်းဝမ်အိမ်တော်သို့ ပြန်ရောက်လျှင် ချီမိသားစုကို မေ့သွားကာ Xia Xiaoman ကို အလျင်အမြန် သွားရောက်ရှာဖွေလိုက်သည်။

"အရှင့်သားကို ဧကရာဇ်မင်းမြတ်က အပြစ်ပေးထားတယ်လို့ ငါကြားတယ်။  သူက တံတိုင်းကို မျက်နှာမူဖို့ တချီ ဘုရားကျောင်းကို သွားတာလား။"

"ဟမ့်…."  

Xia Xiaoman မှာ လှည့်၍ ဂုဏ်ယူစွာ ထွက်သွားသော်လည်း Gu Feiyan ၏ မြင်ကွင်းမှ ထွက်သွားသည်နှင့် ၎င်းအကြောင်းကို မေးရန် Mang Zhong ထံသို့ ပြေးသွားတော့သည်။ နောက်ဆုံးတော့ သူ၏သခင်မှ ဘယ်ရောက်နေမှန်း သူကလည်း မသိပေ။

ထိုအချိန်တွင်၊ Jun Jiuchen မှာ ဧကရာဇ် Tianwu ၏နန်းဆောင်တွင် ဧကရာဇ် Tianwu နှင့် စစ်တုရင် ကစားနေသည်။  ဧကရာဇ် Tianwu မှာ အဆင်ပြေနေသေးသော်လည်း ကြာမြင့်စွာ မထိုင်နိုင်ပေ။ သူက  ကုတင်ပေါ်တွင် တစောင်းလှဲနေပြီး Jun Jiuchen မှာ ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။ 
 
ရွှေနန်းမူသစ်သားဖြင့်ပြုလုပ်ထားသော စစ်တုရင်ခုံသည် အတော်လေး ကြီးကျယ်သော်လည်း လက်ရာမြောက်သည်။ ကျောက်စိမ်းနှင့်ပြုလုပ်ထားသည့် စစ်တုရင်အစုံမှာ အထက်တန်းကျကာ ပြေပြစ်သည်။ သားအဖနှစ်ယောက်မှာ စတင်စဖြစ်ပြီး ကစားပွဲမှာ မပြီးပြတ်သေးကြောင်း ထင်ရှားလှသည်။

ဧကရာဇ် Tianwu မှာ စစ်တုရင်ကစားပွဲတွင် အာရုံစိုက်ပုံမပေါ်ပေ။ ရံဖန်ရံခါ သူက Jun Jiuchen ကိုကြည့်ရန် မျက်လုံးများကို မော့လိုက်သည်။ Jun Jiuchen မှာမူ ကစားပွဲကို အာရုံစိုက်နေပြီး စစ်တုရင်ခုံပေါ်မှ မျက်လုံးမခွာပေ။ နန်းဆောင်အတွင်းတွင် နှစ်ယောက်တည်းသာ ရှိနေပြီး အစေခံနှင့် တော်ဝင်သမားတော်များအားလုံးမှာ အပြင်ဘက်ထွက် ရှောင်နေကြသည်။

တိတ်ဆိတ်နေချိန်တွင် Jun Jiuchen မှာ အဖြူရောင် ကျားစေ့ကို ကောက်ယူလိုက်သော်လည်း မချသေးချေ။ ထိုအစား စဥ်းစားနေသကဲ့သို့၊ တွေဝေနေသကဲ့သို့ စစ်တုရင်ခုံကို ညင်သာစွာ ခေါက်နေသည်။ သူ၏ လက်ချောင်းများမှာ လက်ဆစ်ရှည်များနှင့် အလွန်လှပပြီး မျက်လုံးကို ဖမ်းစားနိုင်သော ကျောက်စိမ်းပြားတစ်ချပ်ကဲ့သို့ပင်။    

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now