အခန်း(၅၇)

96 14 2
                                    

အခန်း(၅၇)

ကတိကို ပြည့်စုံစေလိမ့်မယ်။





ဒီ Chen Sanyuan က သူလျှိုဖြစ်နိုင်မလား။

ဂျင်ဆင်းကို အစားထိုးခဲ့တာ သူလား။ ဒါမဟုတ် တစ်ခြားတစ်ယောက်က လှည့်ကွက်သုံးနေပြီး သူက မသိတာ ဖြစ်နိုင်မလား။

Gu Feiyan မှာ ဆုံးဖြတ်ချက်မချနိုင်ပေ။ သူမ တုံ့ဆိုင်းသွားတော့သည်။ သူမ ဘာလုပ်သင့်လဲ။ သူ့ကို နေရာမှာတင် ဖော်ထုတ်သင့်သလား၊ ဒါမှမဟုတ် ဆက်ပြီး တည်ငြိမ်နေသင့်လား!!

Chen Sanyuan မှာ စောင့်ဆိုင်းပြီး စောင့်ကြည့်နေခဲ့သည်။ Gu Feiyan တွင် တုံ့ဆိုင်းရန် အချိန်ပိုမရှိပေ။ သူမ မြွေကို သတိမပေးပဲ ဦးစွာ တုံးအဟန်ဆောင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်သည်။

လူသတ်သမား အစစ်ကို သတိထားရန် ကျင်းဝမ်ထံ  မည်သို့သတိပေးရမည်ကို သူမ မသိခဲ့သော်လည်း ယခု သူမတွင် အထောက်အထားရှိလာသောကြောင့် ကိစ္စအားလုံးမှာ လွယ်ကူလာသည်။ Cheng Yifei မှာ ထိုဆေးညွှန်းအား လူသိရှင်ကြား မထုတ်ပြန်နိုင်ခဲ့သဖြင့် လျှို့ဝှက်စွာ စုံစမ်းရန်သာတတ်နိုင်သည်။ စစ်သူကြီးတစ်ဦးအနေဖြင့် သူက တရားရုံးမှ လူများကို လျှို့ဝှက်စုံစမ်းစစ်ဆေးရန် မည်သို့ လွယ်ကူနိုင်မည်လဲ။ နံစော်နေသည့် ရေခဲတုံးအတွက်မူ သူမ သူ့ကို မတွေ့ရသည်မှာ ကြာပြီပင်။ သူက ၎င်းကို စစ်ဆေးချင်သေးလား ဆိုသည်ကို ဘယ်သူ သိမည်လဲ။ ဝူကုန်းကုန်းကို စုံစမ်းချင်လျှင် ကျင်းဝမ်မှသာ အလွယ်ဆုံးဖြစ်နိုင်ကာ သူ့တွင် ထိုနံ့စော်နေသော ရေခဲတုံးထက် နည်းလမ်းများစွာ ရှိလိမ့်မည်ဟု သူမ စဥ်းစားလိုက်သည်။

Gu Feiyan မှာ သူ့ကို ရည်ရွယ်ချက်ရှိရှိ လေးလေးနက်နက် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ် ဂျင်ဆင်း မှန်ပါတယ်။"

Chen Sanyuan မှာ နောက်ထပ်ဆေးဖက်ဝင် ပစ္စည်းများကို ဆက်လက် စစ်ဆေးလိုက်သည်။ Gu Feiyan မှာ အနည်းငယ်ပင် ဝိုးတဝါး မပြောဝံ့ပဲ သတိကို ထိန်းသိမ်းထားဆဲဖြစ်သည်။ နောက်ပိုင်း ဆေးပစ္စည်းများတွင်မူ  ပြသနာလုံးဝမရှိပေ။

ဆေးဝါး စစ်ဆေးပြီးလျှင် Gu Feiyan မှာ သူမ၏ ဆေးအိတ်ကို ယူလာပြီး ချက်ချင်း ထွက်လာလိုက်သည်။ သူမ ကျင်းဝမ်ကို ရှာဖွေရန် ကျင်းဝမ်အိမ်တော် သို့ အမြန်ပြန်သွားလိုက်သည်။ သို့သော်၊ Jun Jiuchen မှာ ဧကရာဇ် Tianwu ၏ အိပ်ဆောင်ဖြစ်သည့် ယုံမင်းနန်းဆောင်သို့ ရောက်သွားစ ဖြစ်နေသည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now