အခန်း(၈၄)

91 10 4
                                    

အခန်း(၈၄)

ထိတ်လန့်သွားခြင်း။ သတိလက်လွတ် ဖြစ်သွားခဲ့ခြင်း။






Jun Jiuchen မှ ဆေးဝါးပညာရှင်ကျန်းမှ အသတ်ခံရသည့်ကိစ္စကို ထုတ်ဖော်ပြောလိုက်သည်။ သူ၏ ဘေးတွင်ထိုင်နေသော Jun Yaosheng မှာ စိတ်လှုပ်ရှားလာပြီး မင်းသမီး Huaining ထံ တိတ်တဆိတ် မျက်လုံးမှိတ်ပြကာ သူမက ဝမ်းနည်းနေချိန်တွင် ပြောခဲ့သောစကားများကို မေ့သွားမည်အား စိုးရိမ်နေသည်။

ထိုအချိန်တွင် မင်းသမီး Huaining ၏ အာရုံများမှာ Qi Yu ပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေပြီး ငိုယိုထားခြင်းကြောင့် သူမ၏ မျက်လုံးများမှာ နီရဲကာ ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။ အစ်ကိုယုမှ သူမအပေါ်ထားရှိသည့် ခံစားချက်များကို ထုတ်ပြောလာရန် စောင့်နေခဲ့သော်လည်း ဤသို့သော အခြေအနေမျိုးအထိ စောင့်ရမည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

နောက်ဆုံးတွင် သူမ ဤမျှလောက် အလွန်စိတ်မပူခဲ့ပေ။ အနည်းဆုံးတော့ သူမ စောင့်နေနိုင်သေးသည်။
မင်းသမီး Huaining မှာ မျက်ရည်များကို သုတ်လိုက်ပြီး Jun Jiuchen ထံ ပြတ်ပြတ်သားသား ကြည့်ပြီး ပြောလိုက်လေသည်။ "ဒါက ကျွန်မပဲ။ အစ်ကိုတော်ကျင်းဝမ် ဆေးဝါးပညာရှင်ကျန်းကို သတ်ဖို့ ကျွန်မက အမိန့်ပေးခဲ့တာ။ အဲဒီနေ့ တရားရုံးမှာ လျှိုသန်လျှူရှန် က အဆိပ်ရှိတဲ့အကြောင်း သိရတော့ ချက်ချင်း နန်းတော်ကို လူလွှတ်ပြီး ဆေးဝါးပညာရှင်ကျန်းကို စစ်ဆေးခိုင်းခဲ့တယ် ဒါပေမယ့် ဆေးဝါးပညာရှင်ကျန်းက ဝန်ခံဖို့ ငြင်းနေပြီး... အစ်မ Fufang က သူမကို ဝန်ခံခဲ့တယ်၊ ဒါကြောင့် သူမကို သတ်ပစ်ပြီး အထောက်အထားအတုလုပ်ဖို့ အမိန့်ပေးခဲ့တာ။”

ထိုစကားများ ထွက်လာသည့်နှင့် အားလုံးမှာ မယုံကြည်နိုင် ဖြစ်သွားတော့သည်။

အကယ်၍ မင်းသမီး Huaining မှာ အပြစ်ရှိကြောင်း ၀န်မခံလိုသဖြင့် ဆေးဝါးပညာရှင်ကျန်းကို သတ်ခဲ့လျှင်တောင် ချီမိသားစုကို အပြစ်တင်ရန်အတွက် သက်သေများပင် အတုလုပ်ခဲ့သည်။

ဒါက အကြံအစည်များလွန်းပြီး ရက်စက်လွန်းတယ်။

သူမ Qi Yu ကို အရမ်း ကြိုက်တယ် မဟုတ်ဘူးလား။ သူမ အကြိုက်ဆုံးအရာက သူမကိုယ်တိုင်ပဲ မဟုတ်လား။

ဧကရာဇ်ရဲ့ ပျံလွှားလေး Opowieści tętniące życiem. Odkryj je teraz