အခန်း(၈၇)

89 12 4
                                    

အခန်း(၈၇)

ယွင်ကွေ့ဖေး၏ အကြံအစည်။






ထိုညတွင်
Jun Jiuchen မှာ တစ်ယောက်တည်း နန်းတော်ထဲဝင်သွားလိုက်သည်။

သူက တော်ဝင်စာကြည့်ဆောင်၏ တံခါးသို့ ရောက်သည်နှင့်  မင်းသမီး Huaining ၏ ငိုကြွေးသံကို  ကြားလိုက်ရသည်။ ဤအမှုကိစ္စမှာ အလွန်ထူးခြားသည်။ ကျင်းဝမ် ဖြစ်စေ တရားရေးတရားရုံးများဖြစ်စေ၊ မင်းသမီး Huaining နှင့် ချီမိသားစုအား သေဒဏ်ချမှတ်ရန် မဆိုထားနှင့် လွယ်လင့်တကူ အပြစ်မတင်နိုင်ပေ။ လက်ရှိတွင် မင်းသမီး Huining မှာ လွတ်မြောက်နေဆဲဖြစ်ပြီး ချီမိသားစုမှာမူ ကန့်သတ်ထားခံသည်။

ဧကရာဇ်မှာ သူတို့ကို အပြစ်ပေးမလား၊ မည်သို့သော ရာဇ၀တ်ဥပဒေဖြင့် ဘယ်လို ပြစ်ဒဏ်ပေးမလဲ ကိစ္စအားလုံး ဆုံးဖြတ်ရမည်။ သဘာဝပင် မင်းသမီး Huaining မှာ သက်ညှာပေးရန် လာရောက် တောင်းဆိုနေသည်။

မင်းသမီး Huaining မှ လာမည်ဆိုသည်ကို Jun Jiuchen မှာ သိထားသော်လည်း ခမည်းတော်မှ သူမကို တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ခမည်းတော်၏ ရောဂါမှာ ပိုဆိုးလာသည်။ ရုံးတော်တက်ရောက်ချိန်အပြင် အများစုတွင် အိပ်ရာပေါ်၌ အနားယူနေရသည်။ Huaining မှ ရောက်နေသည်မှာ ဘယ်လောက်ကြာပြီလဲ။ ခမည်းတော်မှာ ၎င်းကို ခံနိုင်ရည်ရှိသလား။ Jun Jiuchen မှာ အနည်းငယ် မျက်ခုံးကျုံ့ပြီး သတင်းပို့ရန် မိန်းမစိုးကို လျင်မြန်စွာ အမိန့်ပေးလိုက်သည်။

အခန်းအတွင်းတွင် ဧကရာဇ် Tainwu ၏ မျက်နှာမှာ မကောင်းလှပေ။ သူက အဝါရောင်တောက်တောက် ပေါ့ပေါ့ပါးပါး ၀တ်စုံကို ၀တ်ထား၍ ကုတင်ပေါ်တွင် သုန်မှုန်နေသည့်  မျက်နှာထားဖြင့် ထိုင်နေလေသည်။ သူက မင်းသမီး Huaining ကို ကြည့်ကာ စားပွဲပေါ်ကို လက်ချောင်းများဖြင့် တစ်တောက်တောက် ခေါက်နေသော်လည်း စကားမပြောပေ။

မင်းသမီး Huaining မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြင်းထန်စွာ ငိုကြွေးနေသဖြင့် မျက်လုံးများပင် မဖွင့်နိုင်တော့ပေ။ သူမ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်ကြောင်း၊  အသုံးချခဲ့ရကြောင်း ဆက်တိုက် ပြောဆိုနေသည်။ ပထမမင်းသားမှာလည်း သင်ခန်းစာတစ်ခု သင်ကြားခံနေရသည့်အတိုင်း နံဘေးတွင် ဒူးထောက်ကာ အသံမထွက်ဝံ့ပေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now