အခန်း(၁၆)

195 19 0
                                    

အခန်း(၁၆)

နောက်ထပ် အရူးတစ်ယောက်။




Gu Feiyan မှ ဖိအားပေးခံရသည့် အလုပ်မှာ တော်ဝင်မောင်းမဆောင်ရှိ မောင်းမများထံ ဆေးဖက်ဝင်မျက်နှာချေ ပို့ဆောင်ပေးရမည်ကလွဲ၍ အခြားမဟုတ်ပေ။

အကယ်၍ လူတစ်ဦးမှာ လေးစားဖွယ် အဆင့်အတန်းမှ မဟုတ်လျှင် မောင်းမဆောင်သို့ ဝင်ရောက်ချိန်တွင် ဝေါယာဥ် စီးနိုင်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ Gu Feiyan တစ်ယောက် ပုလင်းများနှင့် ခရားများ ထည့်ထားသော အိတ်ကြီးအား သယ်ကာ နေရာပေါင်း တစ်ဒါဇင်ကျော်သို့ သွားရတော့မည်။ ထို့အပြင် သူမက နောက်ကျ၍ မဖြစ်ပေ။

ဆေးသိုလှောင်ရန် ဆေးအိုးလေးအား လျှို့ဝှက်စွာအသုံးပြုခဲ့သော်လည်း Gu Feiyan မှာ အလွန်ပင်ပန်းနေသေးသည်။ နောက်ဆုံးတွင် သူမက သုံးရက်ဆက်တိုက် အနားမယူရသေးပေ။ Gu Feiyan မှာ နောက်ဆုံး ဆေးထုပ်အား ပို့ဆောင်ပြီးချိန်တွင် မှောင်လုနီးပါး ဖြစ်နေပြီ။ နန်းတော်တံတိုင်းဘေးတွင် လမ်းကြားလေးတစ်လျှောက် သူမက လမ်းလျှောက်လာရသည်။ လမ်းကြားထဲတွင် တစ်ဖက်မှ မြင်းလှည်းတစ်စီး ဝင်လာသည်အား သူမက တွေ့လိုက်ရလေသည်။

ဤသည်မှာ မြင်းလှည်းစီးနိုင်သော လမ်းကြောင်းမဟုတ်ပေ။ လမ်းကြားမှာ အလွန်ကျဉ်းမြောင်းကာ မြင်းလှည်းမှာ နံရံများကြားတွင် ဖြည်းညင်းစွာ ရွေ့လျားလာနေသည်။ Gu Feiyan ၏ ခန္ဓာကိုယ် တစ်ခုလုံး နံရံ၌ကပ်နေလျှင်ပင် မြင်းလှည်းမှာ ဖြတ်မသွားနိုင်ပေ။ သူမက လာရာလမ်းအတိုင်းသာ ပြန်လှည့်နိုင်လေသည်။ သူမက လှည့်ထွက်ရန်ပြင်လိုက်စဥ် အစေခံမိန်းကလေးတစ်ယောက်မှာ မြင်းလှည်းမှ ခုန်ဆင်းလာကာ သူမအား တားဆီးရန် ပြေးလာလေသည်။ "ရဲတင်းတဲ့အစေခံ။ သခင်ရဲ့ မြင်းလှည်းကိုမြင်တာတောင် နင်က ဦးမညွှတ်သေးဘူး။"

Gu Feiyan မှာ ပြောစရာမရှိတော့ပေ။ သူမက မြင်းလှည်းနှင့် ဝေးကွာနေသောကြောင့် ဦးမညွှတ်ရသည်မှာ ပုံမှန်ပင်။ အကယ်၍ မြင်းလှည်းမှာ ဖြတ်သွားစဥ် သူမက လမ်းသွယ်အဝင်ဝသို့ ဆုတ်သွားပြီး အရိုအသေမပေးပါက  အပြစ်ပြုခြင်းဟု ယူဆနိုင်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now