အခန်း(၃၂)

121 15 2
                                    

အခန်း(၃၂)

ကိုယ်မင်းကို အသက်နှစ်ချောင်း အကြွေးတင်သွားပြီ။







လူတိုင်း၏စိုးရိမ်မှုမျက်နှာများရှေ့တွင် Gu Feiyan မှာ ရှင်းပြခြင်းမပြုတော့ပေ။ သူမ၏ နှုတ်ခမ်းထောင့်များမှာ လှပသော အပြုံးတစ်ပွင့်အဖြစ် ကွေးညွှတ်သွားကာ တုံ့ပြန်လိုက်သည်။ " အားလုံး စိတ်အေးအေးထား။ ကျွန်မ မကြာခင် ပြန်လာခဲ့မယ်။"

ဆေးပင်များ သန့်စင်ခြင်းမှာ ဆေးဝါးပညာတွင် မသင်မနေရ ပညာရပ်တစ်ခုဖြစ်သည်။ Gu Feiyan မှာ ဆရာပိုင်ထံမှ အရာအားလုံး သင်ယူခဲ့ရပြီး သူက သင်ပေးခဲ့သမျှမှာ ကောင်းကင်အား အံတုနိုင်သော လျှို့ဝှက်နည်းလမ်းများပင်။ သူမအတွက် ၎င်းတို့မှာ ရိုးရှင်းလှသည်။

တစ်နာရီမပြည့်မီ Gu Feiyan မှာ ဆူပွက်နေသော ဆေးရည်အား သမားတော် Guo ၏လက်ထဲသို့ အပ်လိုက်သည်။ သမားတော် Guo မှာ အံသြသွားရတော့သည်။ ထိုဆေးမိန်းကလေးမှာ မရိုးရှင်းနိုင်ကြောင်း သူက နောက်ဆုံးတွင် သတိပြုမိသွားတော့သည်။ တစ်ဖက်ရှိ တပ်သားများမှာ Gu Feiyan ထံ သဘောကျ လေးစားမှုအား ခံစားလိုက်ရသည်။

Cheng Yifei မှာ Gu Feiyan အား ကြည့်နေပြီး စကားတစ်ခွန်း မဆိုပေ။ သူ၏ နှုတ်ခမ်းများမှာသာ ကွေးညွှတ်နေလေသည်။ သူက အလွန်ပျော်ရွှင်နေသည်အား မည်သူမဆိုမြင်နိုင်လေသည်။

ဆေးသောက်ပြီးနောက် Xu Pin ၏ အခြေအနေမှာ ချက်ချင်းပြန်လည်ကောင်းမွန်လာခြင်း မရှိသော်လည်း ယခင်ကလောက် မပြင်းထန်တော့သည်မှာ ထင်ရှားနေသည်။ သူက နောက်ထပ် နှစ်ကြိမ် ရောဂါထလာသေးသော်လည်း ကြားတွင် အချိန် ပိုကြာလေ စိုးရိမ်စရာ နည်းပါးသွားလေဖြစ်သည်။ Gu Feiyan မှာ ချက်ချင်းမထွက်သွားပဲ တိတ်တဆိတ်စောင့်ကြည့်ပေးနေလိုက်သည်။ Xu Pin မှာ ညနေစောင်း၌ အန္တရာယ်မှ ကျော်ဖြတ်နိုင်သွားကာ ငြိမ်သက်စွာ အိပ်ပျော်သွားလျှင်  Gu Feiyan ၏ စိတ်ထဲတွင်လည်း နောက်ဆုံတွင် တင်းမာနေသော ကြိုးတစ်ချောင်းမှာ ပြေလျော့သွားတော့သည်။

"ကောင်းပြီ သမားတော် Guo၊ ဒီနေရာကို ရှင်နဲ့ထားခဲ့တော့မယ်။"

သူမက ထွက်သွားတော့မည်အားမြင်လျှင် သမားတော် Guo မှာ သူမထံ လျှောက်လာကာ လက်ဆုတ်၍ ဦးညွှတ်လိုက်သည်။ “ဒီတစ်​ကြိမ်…. မင်းကြောင့်သာ​မဟုတ်​ရင်​ ဒီအဘိုးကြီးက သူ့အသက်ကို လုံးဝဂရုမစိုက်​​ပဲထားမိတော့မှာ….။ ဒီအဘိုးကြီး... ဒီအဘိုးကြီး..."

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now