အခန်း(၃၉)

118 15 4
                                    

အခန်း(၃၉)

နောက်တစ်ကြိမ် ထပ်မတွေ့ရစေနဲ့။





ထိုညတွင် Gu Feiyan မှာ အလွန်အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။ သူမက နောက်တစ်နေ့မနက်တွင် စောစောနိုးလာလေသည်။ အအေးမိခြင်းမှာ ပြန့်ကျဲသွားဟန်တူသည်။ သူမ ခန္ဓာကိုယ်အား ဆန့်ထုတ်လိုက်ပြီးနောက် အလွန်သက်တောင့်သက်သာ ခံစားရလိုက်သည်။

သန့်ရှင်းရေးလုပ်ပြီးနောက် …Gu Feiyan မှာ တံခါးဖွင့်ရန် မစောင့်နိုင်တော့ပဲ ထွက်လာလေသည်။ ဤနေရာမှာ တောင်တန်းကြီးတစ်ခု၏ ခြေရင်းတွင် ဖြစ်နေကာ ခြံဝန်းအတွင်း၌ မည်သူမျှမရှိသည်အား ယခုမှသာ သူမ သတိပြုမိလေသည်။

"ဒီမှာဘယ်သူမှမရှိဘူးလား။"

Gu Feiyan မှာ အိမ်သို့ လှည့်ပတ်လျှောက်ကြည့်ပြီးနောက် အိမ်ရှေ့သို့ ပြန်လာလိုက်သည်။ သူမက မြင်ကွင်းတွင် လူတစ်ယောက်တစ်လေ၏ အရိပ်အယောင်တောင် မတွေ့ပေ။ သူမ စိတ်မသက်မသာခံစားရလာပြီးနောက် ချက်ချင်းထွက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

မမျှော်လင့်ပဲ သူမက ခြံဝန်းထဲသို့ ရောက်သွားသည်နှင့် အနက်၀တ် မျက်နှာဖုံးစွပ် အမျိုးသား သုံးယောက်မှာ ပြေးဝင်လာလေသည်။ ထိုလူများမှာ ယမန်နေ့ညက သူမအား ပြန်ပေးဆွဲလာခဲ့သော ထိုပုပ်သိုးနေသည့် ရေခဲတုံး၏ လူသတ်သမားများပင်။

"ရှင်တို့အားလုံး..."

Gu Feiyan မှာ နားမလည်နိုင်ပေ။ ထိုပုပ်သိုးနေသော ရေခဲတုံးမှာ အစောင့်အများအပြားအား တစ်ကိုယ်တည်း သတ်ဖြတ်နိုင်သည်။ သူက ယမန့်နေ့ညက လူများစွာ အတူတကွခေါ်လာလေသည်။ သူက အဲဒီစစ်သားတွေကို အခုထိ မဖယ်ရှားနိုင်သေးဘူးလား!

Gu Feiyan မှ အဖြစ်အပျက်အား နားမလည်နိုင်ခင်တွင် ဝင်ပေါက်မှ ပြေးဝင်လာသော စစ်သည်တစ်စုအား တွေ့လိုက်ရလေသည်။

ဘာတွေဖြစ်နေတာလဲ…..

Gu Feiyan မှာ ထိတ်လန့်သွားကာ အလောတကြီး မေးလိုက်သည်။ "ရှင်တို့ရဲ့သခင် ဘယ်မှာလဲ။"

မျက်နှာဖုံးစွပ် လူသတ်သမားများမှာ သူမအား ဂရုမစိုက်နိုင်ပေ။ Gu Feiyan မှာ ထပ်မံ မေးမြန်းချင်နေသေးသော်လည်း စစ်သားအားလုံးမှာ အပြေးအလွှား သူတို့အား ဝိုင်းထားကြသည်။ မျက်နှာဖုံးစွပ် လူသတ်သမားများမှာ ချက်ချင်းပင် သတိရထားလိုက်ကြသည်။သူတို့က Gu Feiyan နှင့် အလွန်နီးကပ်နေသော်လည်း သူမအား ဓားစာခံအဖြစ် ခေါ်ယူလိုက်ခြင်း မရှိပေ။ ထိုအစား သူတို့က စစ်သားများနှင့် တိုက်ခိုက်ရန် အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးဝင်သွားတော့သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now