အခန်း(၃၇)

121 14 4
                                    

အခန်း(၃၇)

ကတိ။







Gu Feiyan ၏ စကားများမှာ ပြီးဆုံးသွားသော်လည်း Jun Jiuchen မှာ သူ၏ ခွန်အားအသုံးပြုနေခြင်း မရပ်တန့်သေးပေ။

Gu Feiyan မှာ ထိုကဲ့သို့ ဒုက္ခပေးနိုင်လွန်းသူအား ပထမဆုံးတွေ့ဖူးရခြင်းပင်။ နောက်ဆုံးတွင် သူ့အား ဆွဲဆောင်နိုင်ရန်  တန်ဖိုးရှိသော အကြောင်းအရာတစ်ခုအား ပြောရမည်ဖြစ်ကြောင်း သူမ သဘောပေါက်သွားတော့သည်။

"ဝူကုန်းကုန်းကသာ တကယ့်လူသတ်သမားပဲ။ သူက ဆေးအကျန်တွေ စစ်ဆေးချင်နေတာကို ကျွန်မ တွေ့လိုက်တယ်။ ပထမတော့ တရားခံအစစ်က နန်းတော်ထဲက တစ်ယောက်လို့ သံသယရှိပေမယ့် နည်းနည်းစဉ်းစားပြီးတော့  နန်းတော်ထဲက တစ်ယောက်မှ မဟုတ်ဘူးလို့ ကျွန်မခံစားရတယ်။"

ထိုစကားများအားကြားလျှင် Jun Jiuchen မှာ နောက်ဆုံးတွင် သူ၏ ခွန်အားများအား ရပ်တန့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။ "ဘာလို့လဲ။"

Gu Feiyan မှာ တိတ်တဆိတ် သက်ပြင်းချကာ သက်သာရာရသွားပြီးနောက် တုံ့ပြန်လိုက်သည်။ "ဘာလို့လဲဆိုတော့ တရားခံရဲ့ တကယ့်ရည်ရွယ်ချက်က Cheng Yifei ကိုသတ်ဖို့မဟုတ်ပဲ ချန် နဲ့ချီ ရဲ့ တပ်တွေကို အုံကြွလာအောင်လို့ပဲ။ ပထမ.. ကျွန်မက Qi Yu နဲ့ စေ့စပ်ထားတာမလို့ ချန်စစ်စခန်းကို ဆေးဝါးတွေပို့ဖို့ စေလွှတ်မခံရသင့်ဘူး။ ဒါပေမယ့်ကျွန်မက ဆေးဝါးပို့ဖို့ အဲဒီနေရာကို လွှတ်ခံလိုက်ရတယ်။ ဒုတိယ… တရားခံအစစ်က ဆေးညွှန်းကို ပြောင်းနိုင်တာတောင် သက်သေဆေးညွှန်းအတုကို ချန်ထားခဲ့သေးတယ်။ တကယ်လို့ Cheng Yifei က အဲ့ဒီညမှာ  ဆေးညွှန်းအတုကြောင့် သေသွားခဲ့ရင် ချန်မိသားစုက ကျွန်မကို ဘယ်လိုထင်မလဲ။  ရှင်ဆိုရင်လည်း ချီမိသားစုက ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ သံသယရှိမှာပဲမလား။"

Jun Jiuchen မှ ခေါင်းညိတ်ပြလျှင် Gu Feiyan မှ ဆက်ပြောလိုက်သည်။ "ကျွန်မ နန်းတော်ပြန်ရောက်ပြီး နောက်တစ်နေ့မှာ  ချီမိသားစုကို စော်ကားနိုင်တဲ့အပြင် ချန်မိသားစုကိုပါ စော်ကားတဲ့ ကောလာဟာလတွေ ပြန့်နှံ့လာတယ်။ စစ်တပ်နှစ်ဖက်က ရုန်းရင်းဆန်ခတ်ဖြစ်သွားတာနဲ့ ထျန်းယန်က ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။ တရားခံရဲ့ တကယ့်ရည်ရွယ်ချက်က ပရမ်းပတာဖြစ်စေချင်တယ်လို့ ကျွန်မ သံသယရှိတယ်။ အဲ့ဒီလူက သစ္စာဖောက်မဟုတ်ရင် ပြင်ပရန်သူဖြစ်မှာ သေချာတယ်။သစ္စာဖောက်ပဲဖြစ်ဖြစ် ရန်သူပဲဖြစ်ဖြစ် သူတို့ အကုန်လုံး သေချာ ပြင်ဆင်ထားတာ ဖြစ်ရမယ်။ ကျန်တာက ပုန်ကန်ပြီး သူတို့ရဲ့တပ်တွေကို လွှတ်ဖို့အခွင့်အရေးတစ်ခုပဲ။"

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now