အခန်း(၆၉)

82 9 2
                                    

အခန်း(၆၉)

ဆေးဝါးပညာရှင်ကြီး။ ရှင်မှားနေပြီ။





Jun Jiuchen ၏ အမူအရာမှာ မကောင်းလှပဲ လေသံမှာ ပို၍ ဆိုးရွားနေသည်။ သူက အလွန်မပျော်မရွှင် ဖြစ်နေကြောင်း လူတိုင်းမှ မြင်နိုင်သည်။ အသတ်ခံရလျှင် ဘယ်သူက ပျော်နိုင်မည်လဲ။

Gu Feiyan မှာလည်း နှလုံးသားတွင် တူညီစွာ တွေးနေကာ  သူ့ကို ကျေးဇူးတင်ပြီး နာခံစွာ ပြန်ထိုင်လိုက်သည်။ သူမ၏ လက်နှင့် ခြေထောက်များမှာ အလွန်နာကျင်နေသော်လည်း ကျောကို တည့်တည့်မတ်မတ် ထိုင်ကာ လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

"အရှင့်သား၊ မင်းသမီး Huaining က ဒီအစေခံကို စွပ်စွဲနေတာပါ။ လျှိုသန်လျှူရှန်ကို ဖော်ထုတ်နိုင်တာက ဒီအစေခံရဲ့ အရည်အချင်းပဲ။ သံသယအတွက် မလုံလောက်ဘူး၊ သက်သေဖြစ်ဖို့ မပြောနိုင်ပါဘူး..”

Gu Feiyan မှ စကားမဆုံးခင် မင်းသမီး Huaining မှာ ဖြတ်ပြောလာပြန်သည်။ “Gu Feiyan နင် အရှက်မရှိဘူးလား။  ဒီမင်းသမီးက နင့်မှာ တကယ်အရည်အချင်းမရှိဘူးလို့ ထင်တယ်။ နင်က  ကြွားလုံးထုတ်နေတာပဲ မဟုတ်လား။ အရှင်နန်ကုန်း ကျွန်မကို ဆုံးဖြတ်ပြီး ပြောပြပါ၊ Gu Feiyan သံသယရှိစရာကောင်းလား။ “

အရှင်နန်းကုန်းမှာ ကျင်းဝမ်ကို စူးစမ်းဟန်ဖြင့် ကြည့်ကာ တစ်ခဏမျှ တုံ့ဆိုင်းသွားတော့သည်။

Jun Jiuchen မှာ သူ၏ ရပ်တည်ကို မဖော်ပြပဲ ပြောလိုက်လေသည်။ "မင်းဘယ်လိုထင်လဲ ပြောလိုက်။"

ထိုမှသာလျှင် အရှင်နန်းကုန်းမှာ သူ၏စိတ်ထဲတွင် အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့သော သံသယကို ဖော်ထုတ်လာတော့သည်။ "သာမာန် လျှူရှန်နဲ့ နှိုင်းယှဉ်ရင် လျှိုသန်လျှူရှန်ရဲ့ အသွင်အပြင်နဲ့ အနံ့က ဂျင်ဆင်းပျိုနဲ့ ထပ်တူပါပဲ။ ကွာခြားချက် မရှိပါဘူး။ တကယ်လို့ အဲ့တာကို မမြည်းဖူးဆိုရင် ပြောလို့ မရပါဘူး။ လျှိုသန်လျှူရှန် သုံးခုစလုံးက နဂိုအတိုင်းပါပဲ။ ဆေးမိန်းကလေးကုက အဲဒါတွေကို တစ်ခါမှ မမြည်းစမ်းဖူးပေမယ့် ဖော်ထုတ်နိုင်တုန်းပဲ။ ဒီအရာရှိက ရှုပ်ထွေးမိပါတယ်။"

ထိုစကားများသည် ခန်းမအတွင်းရော အပြင်ဘက်ပါ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့သည်။ လျှိုသန်လျှူရှန် အကြောင်းကို လူတိုင်း ကြားခဲ့ရပြီဖြစ်သော်လည်း ဂျင်ဆင်းပျိုနှင့် မည်မျှ ရှားပါးကြောင်း၊ ဂျင်ဆင်းနှင့်မည်မျှ ဆင်တူသည်ကို နားမလည်နိုင်ကြသေးပေ။ သို့သော် အရှင်နန်းကုန်း၏ နှိုင်းယှဥ်သံကို ကြားလိုက်ရသောအခါတွင် ပြသနာ၏ အဓိကအချက်ကို နားလည်နိုင်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now