အခန်း(၁၀၃)

75 12 0
                                    

အခန်း(၁၀၃)

အသိအကျွမ်းဟောင်းများကို တမင် မျက်နှာသာပေးခြင်း။





ဆေးဝါး အလုပ်သင်ကောင်လေးမှာ အတန်ကြာထွက်သွားပြီး ဘဏ္ဍာစိုးလူငယ်တစ်ယောက်ကို ခေါ်လာလေသည်။

ဘဏ္ဍာစိုးလူငယ်၏ သဘောထားမှာ အလွန်စိတ်မရှည်ပေ။ လမ်းလျှောက်လာရင်း ညည်းညူနေသည်။ "အရင်လာရင် အရင်ရမှာဘဲ။ ငြင်းခုန်စရာ ဘာရှိလဲ၊ အဲဒါက တကယ့်ကို ဒုက္ခပေးနေတာ။ တကယ်လို ဆက်ပြီး ငြင်းခုန်နေမယ်ဆိုရင် တောင်းဆိုတာကို ရပ်လိုက်လို့ရတယ်။"

Gu Feiyan နှင့် အခြားသူများမှာ ဘဏ္ဍာစိုးနှင့်  ဆေးဝါးအလုပ်သင်ကောင်လေးမှ အတူတကွ လျှောက်လာသည်ကို လှမ်းကြည့်လိုက်လျှင် ထိုစကားများကို အဝေးမှ ကြားလိုက်ရလေသည်။ Gu Feiyan မှာ  ပျော်ရွှင်နေသည်။ အဆုံးတွင် သူမ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။

မထင်မှတ်ပဲ ဘဏ္ဍာစိုးလူငယ်မှာ ချဉ်းကပ်လာသောအခါတွင် တတိယသခင်မလေးဟန် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး သူ၏ စိတ်နေသဘောထားမှာ ၁၈၀ ဒီဂရီ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"ဟေး ဟန်မိသားစုက တတိယသခင်မလေးဟန် မဟုတ်ဘူးလား၊ ဒီနေ့ မင်းကို ပြန်ရောက်လာအောင် ဘယ်လိုလေတွေ တိုက်နေတာလဲ  ကြည့်ကြရအောင်။"

ဟန်မိသားစု…..

Gu Feiyan မှာ သခင်လေးဆုကဲ့သို့ တတိယသခင်မလေးဟန်မှာ ဝမ်ကျင်နိုင်ငံတွင် သြဇာကြီးသူတစ်ဦးဟု အမြဲတစေ တွေးထင်ခဲ့သည်။ သူမက ဟန်မိသားစု မှဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

လွန်ခဲ့သော ဆယ်နှစ်က ချီ၊ ဆု၊ ဟယ် နှင့် ရှန့်ကွန်း မိသားစုများကို နက်နဲကုန်းမြေကြီးရှိ အဓိကမိသားစုလေးစုဟု ခေါ်ဆိုခဲ့ကြသည်။ ဝံပုလွေဂိုဏ်း၏ ဟန်မိသားစုသည် အဓိကမိသားစုလေးခုတွင် မပါဝင်သော်လည်း ၎င်းတို့၏ ခွန်အားနှင့် အခြေခံအုတ်မြစ်သည် အခြားမိသားစုကြီး လေးခုထက် သာလွန်ပြီး မိသားစုလေးခု၏ အကြီးအကဲအဖြစ် ကမ္ဘာမှ သိကြသည်။

ရေခဲပင်လယ်မှ ပြောင်းလဲမှုများ၊ ကိုယ်ခံပညာများကျဆင်းလာခြင်းနှင့် နက်နဲကုန်းမြေကြီး ၏မငြိမ်မသက်မှုများ အတွင်း ချီ၊ ဆုနှင့် ဟယ် မိသားစုသုံးစုလုံး အပြင်းအထန် ထိခိုက်ခဲ့ကြသည်။ ချီမိသားစုသည် ထျန်းယန်၏ ကျွင်းမိသားစုထံ လက်နက်ချပြီး စစ်တပ်အာဏာကို ချုပ်ကိုင်ခဲ့သည်။ ဆုမိသားစုသည် ဝမ်ကျင် ၏ ပိုင်လီမိသားစုထံ လက်နက်ချခဲ့ပြီး ရေလမ်းပို့ဆောင်ရေးကို ထိန်းချုပ်ထားကာ ဟယ်မိသားစုမှာမူ အစိတ်စိတ်အမွှာမွှာဖြစ်ကာ ထိန်းချုပ်မှုမရှိတော့ပေ။ ရှန့်ကွန်းမိသားစုနှင့် ဟန်မိသားစုမှသာ နက်နဲကုန်းမြေကြီး၏ တောင်ပိုင်းကို ချုပ်ကိုင်ထားပြီး တောင်ပိုင်းဒေသ၏ စစ်မှန်သောအုပ်ချုပ်သူအဖြစ် ရှိနေဆဲဖြစ်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Nơi câu chuyện tồn tại. Hãy khám phá bây giờ