အခန်း(၈၈)

83 9 2
                                    

အခန်း(၈၈)

ဘယ်လို စစ်တုရင် ကစားကွက်မျိုးလဲ။





ဧကရာဇ် Tianwu မှာ အလွန် အံ့သြသွားတော့သည်။ ပထမမင်းသားနှင့် ယွင်ကွေ့ဖေးမှာ အစောတွင် သူ့ထံ သတင်းပို့ခဲ့စဥ်တွင် ဤကိစ္စကို မပြောခဲ့ပေ။ သူက Huaining နှင့် Qi Yu ကို အမြဲတစေ ကန့်ကွက်ခဲ့ခြင်းမှာ ချီမိသားစုသည် သူ၏ မျက်စိထဲမ၀င်နိုင်သောကြောင့်မဟုတ်ပဲ Qi Yu တွင် လက်ထပ်စာချုပ်ရှိ နေသောကြောင့်ဖြစ်သည်။ သူ၏ အချစ်ဆုံးသမီးကို နိမ့်ကျကာ မှားယွင်းမခံရစေလိုပဲ တော်ဝင်မျိုးနွယ်ကို အရှက်တကွဲ မဖြစ်စေချင်၍ပင်။

သူက ဒေါသတကြီးမေးလိုက်သည်။ "အပြန်အလှန် ခံစားချက် ဖလှယ်တယ်လို့ ပြောတာလား။ သူတို့ ကြိုက်နေကြတာလား။ အတိအကျ ဘာဖြစ်နေတာလဲ။"

တရားရုံးခန်းမတွင် Jun Jiuchen မှ ပြောခဲ့သော 'အပြန်အလှန်ချစ်ခြင်း' ဆိုသည့် စကားလုံးများမှာ အမှန်တွင် ခန်းမအပြင်ရှိ နားထောင်နေသူများအတွက်  ရည်ရွယ်နေသည်။ Huaining နှင့် Qi Yu  မှာ  နှစ်ပေါင်းများစွာကတည်းက ကျင့်ဝတ်ဖောက်ပြားနေခဲ့ကြပြီး သူတို့က Gu Feiyan ကို အပြစ်တင်ရလောက်အောင်အထိ မည်သို့ အရှက်မရှိနိုင်ကြရသည်လဲ။ နန်းမြို့တော်ရှိ အခြားသူများကို ဝေဖန်ခြင်းအား နှစ်သက်သော လူများသည် Gu Feiyan ကို ကြိမ်းမောင်းခဲ့ကြပြီး ဖြစ်ရာ ဤအချိန်မှာတော့ Huaining နှင့် Qi Yu တို့၏ အလှည့်ပင်။

သူက မခည်းတော်နှင့် ဖြစ်စေ အခြားသူများနှင့် ဖြစ်စေ ထိမ်းမြားလက်ထပ်ခြင်း ကိစ္စများအကြောင်း ဆွေးနွေးရခြင်းကို မနှစ်သက်ပေ။ ဤတစ်ကြိမ်မှာတော့ ယွင်ကွေ့ဖေး၏လျှာမှာ သူ့ကို အမျက်ထွက်စေလေသည်။

Jun Jiuchen မှာ စကားအများအပြားမပြောပဲ မင်းသမီး Huaining နှင့် Qi Yu တို့၏ တစ်ယောက်နှင့်တစ်ယောက် သဘောကျကြောင်း လူသိရှင်ကြားဝန်ခံထားခဲ့သည့် စကားများကိုသာ ထပ်ခါတလဲလဲ ပြောခဲ့လေသည်။

ယွင်ကွေးဖေးမှာ ကိစ္စကို အသေးစိတ် မပြောခဲ့သလို Jun Jiuchen မှာလည်း အသေးစိတ် မပြောခဲ့ပေ။ မင်းသမီး Huaining မှ ရာဇ၀တ်မှု ကျူးလွန်ရသည့်အကြောင်းအရင်းကို လူသိရှင်ကြားရှင်းပြရန် Qi Yu ကို သဘောကျကြောင်း ဝန်ခံခဲ့သည်ကို ဧကရာဇ်မှာ ဘယ်လိုသိနိုင်မလဲ။  မင်းသမီး Huaining ၏ ရာဇဝတ်မှု ကျူးလွန်ရသည့်အကြောင်းအရင်းကို သက်သေပြရန် Qi Yu မှာ သူမကို နှစ်သက်ကြောင်း လူသိရှင်ကြား ဝန်ခံခဲ့သည်ကို သူက မည်သို့သိနိုင်မည်လဲ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now