အခန်း(၆)

227 22 0
                                    

အခန်း(၆)

ဆေးညွှန်း။





သခင်မလင်း၏ ဒေါသတကြီး ပြောဆိုမှုဖြင့် ရင်ဆိုင်ရချိန်တွင် Gu Feiyan မှာ ထိတ်လန့်နေခြင်း မရှိပဲ သူမ၏ အငွေ့အသက်များမှာ ပို၍ ရဲတင်းလာသည်။ သူမ၏ အမူအရာမှာ အလေးအနက် မေးခွန်းထုတ်လိုက်သည်။ “သခင်မလင်း… စစ်သူကြီးCheng ရဲ့ အသက်က ကြိုးတန်းပေါ်မှာပါ။ ကျွန်မက နောက်ဆုံးတစ်ကြိမ်မေးမယ်။ ဆေးစမ်းသပ်မှာပါလား။"

“မင်း.. မင်း..” သခင်မလင်း၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းလာတော့သည်။

ဝူကုန်းကုန်း၏ မျက်လုံးများတွင် ဆိုးယုတ်မှုများ ဖြတ်သွားပြီးနောက် အကြံပေးလိုက်သည်။ “သခင်မ.. ဆေးပေးခန်းမှာ ဒီလိုစည်းမျဉ်းရှိနေတယ်ဆိုမှတော့ ကျွန်တော်တို့က လိုက်နာသင့်ပါတယ်။ စစ်သူကြီးCheng ရဲ့ အသက်က အရေးကြီးတာမလို့ အချည်းအနှီးဖြစ်လို့ မရပါဘူး။"

သခင်မလင်း၏ နှလုံးသားမှာ စိုးရိမ်ပူပန်မှုများဖြင့် တောက်လောင်နေသည်။ သူမက ရွေးချယ်စရာမရှိတော့ပဲ ဝူကုန်းကုန်း၏ စကားအား နားထောင်ကာ တပ်သမားတော်အား စမ်းသပ်ရန် အမိန့်ပေးလိုက်သည်။

ဝူကုန်းကုန်းမှာ သူမအား အေးစက်စွာ အမိန့်ပေးလိုက်သည်။ “ကောင်မစုတ်လေး… သေချာမှတ်ထား။ နှောင့်နှေးမှုတွေက မင်းတို့ ဆေးပေးခန်းကြောင့်ပဲ။”

Gu Feiyan  မှာ ဝူကုန်းကုန်းအား  အဖြေမပေးပဲ မျက်လုံးသာ လှိမ့်လိုက်တော့သည်။ သူမ၏ လက်အား အကြိမ်အနည်းငယ် ဖြေလျော့ကာ လက်ချောင်းများအား ဆန့်လိုက်ပြီးနောက် ဆေးများအား ယူလိုက်သည်။ သူမ၏ လက်ချောင်းဆယ်ချောင်းမှ အရှိန်အပြည့်ဖြင့် လှုပ်ရှားနေကာ ဘယ်လက်ပြီးနောက် ညာလက်မှာ ဆက်တိုက် မြင့်တက်လာသည်။ တစ်ခုပြီးတစ်ခု ရွေးချယ်ကာ တစ်ခုစီ ခွဲသွားလိုက်သည်။ သူမ၏ လှုပ်ရှားမှုများမှာ ရေစီးနေသကဲ့သို့ ချောမွေ့ကာ ကျွမ်းကျင် ပြေပြစ်လှသည်။

လူတိုင်းမှာ နောက်တစ်ကြိမ် မှင်သက်နေကြသည်။ သူမ၏ လက်မှာ သာမာန် လျင်မြန်ရုံမဟုတ်ပဲ မယုံကြည်နိုင်အောင် အလွန်လျင်မြန်လှသည်။ သူတို့က လုံလောက်အောင် မမြင်ရသေးခင် Gu Feiyan မှာ ဆေးအားလုံး စီစဥ်ပြီးသွားလေသည်။ သူမက အနည်းငယ်ပင် အချိန် မဖြုန်းခဲ့ပေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now